G-Unit
အဖွဲ့သားကြီး Young Buck ဟာ Rap Game ထဲကို တစ်ကျော့ပြန် ခြေချလာတော့မှာပါ ။ သူဟာ
ဇွန်လ ၂၀ ရက်နေ့ကပဲ “10 Bodies” လို့ အမည်ရတဲ့ Mixtape အခွေသစ် တစ်ခွေ ကို
ထုတ်လုပ်တော့မယ့် အကြောင်းကို Instagram ကနေတဆင့် တရားဝင် ကြေညာခဲ့ပါတယ်။
ဒီ
Mixtape အသစ်မတိုင်ခင်တုန်းကလည်း Buck ဟာ ၂၀၁၅ခုနှစ်အတွင်း Mixtape ၃ ခွေတိတိကို
ထုတ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၅ခုနှစ်ရဲ့  ဧပြီလမှာတုန်းက “10 Bullets” ၊ မေလမှာ “10
Bricks” နဲ့ ဒီဇင်ဘာလမှာ “10 Pints” အစရှိတဲ့ နာမည်တွေနဲ့ ထုတ်လုပ်ခဲ့တာကြောင့်
အခု ထုတ်ဝေမယ့် “10 Bodies” ဆိုတဲ့ Mixtape ဟာလည်း မနှစ်ကထွက်ခဲ့တဲ့ Mixtape ၃
ခွေလုံးရဲ့  နောက်ဆက်တွဲ စီးရီးတစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။
“10
Bodies” ဆိုတဲ့ ဒီ Mixtape အသစ်ဟာလည်း အရင် ၃ ခွေတုန်းကလိုပဲ DJ Whoo Kid ရဲ့  အဓိက
ပံ့ပိုးမှုနဲ့ ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် “10 Bodies”
ထွက်ရှိလာမယ့် နေ့ရက် အတိအကျကိုတော့ ထုတ်ဖော်ပြောပြခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့
နွေရာသီကာလတုန်းကလည်း မူးယစ်ဆေးဝါး စစ်ဆေးမှုတစ်ခုမှာ Young Buck ဟာ
မအောင်မြင်ခဲ့တဲ့အတွက် ဒဏ်ကြေး ဒေါ်လာ ၇၅၀၀ ပေးဆောင်ခဲ့ရသလို လူ့အဖွဲ့အစည်း
ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း နာရီ ၁၀၀ ကြာ လုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီ ကိစ္စနဲ့
ပတ်သက်ပြီးတော့ Young Buck ဟာ Snoop Dogg ကို အပြစ်တင်ပြောဆိုဖို့
ကြိုးစားခဲ့ဖူးပါတယ်။
Ref
: XXL