ဟာသ သရုပ်ဆောင်နဲ့
အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Kevin Hart ဟာ နေအိမ် ဖောက်ထွင်း ခံခဲ့ရပြီး ဒေါ်လာ
၅ သိန်းတန် လက်ဝတ်ရတနာတွေနဲ့ အ၀တ်အစားတွေ အခိုးခံလိုက်ရတယ်လို့ သိရပါတယ်။
Kevin
Hart ဟာ Nike အမှတ်တံဆိပ် နဲ့ပူးပေါင်းပြီး ဖိနပ် အချို့ကို အရောင်းမြှင့်တင်ဖို့
Miami မြို့ကို ခရီးထွက်သွားရကနေ အိမ်ပြန်အရောက်မှာပဲ သူ့ရဲ့ နေအိမ်ဖောက်ထွင်းခံထားရတာကို
သိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ
လက်ခံထားတာကတော့ ဖောက်ထွင်းမှုဟာ Kevin Hart စတင် ခရီးထွက်သွားခဲ့တဲ့ ယခင် အပတ်မှာ ဖြစ်ပွားခဲ့တယ်ဆိုတာပါပဲ။
ဖောက်ထွင်းသမား ဟာ သူ့ရဲ့  နေအိမ် နောက်ဖေးတံခါးက တဆင့် အိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့
ရဲတွေက ဆိုပါတယ်။ ကယ်လီဖိုးနီယားပြည်နယ် ၊ လော့အိန်ဂျလိစ် မြို့ ၊ Tarzana ရပ်ကွက်မှာတည်ရှိတဲ့
Kevin Hart ရဲ့  နေအိမ်ဟာ အိမ်ရာဝင်း ဖြစ်တဲ့အတွက် လုံခြုံရေး ဂိတ်လည်း ရှိတယ်လို့
သိရပါတယ်။
“ကျွန်တော်တို့
မနေ့က တစ်နာရီလောက်မှာ ဖောက်ထွင်းမှုအတွက် ခေါ်ဆိုခံခဲ့ရတယ်။ Tarzana ရပ်ကွက်မှာရှိတဲ့
Winford အိမ်ရာထဲက ၃၈၀၀ ဘလော့ မှာ ဖြစ်ပွားခဲ့တာပါ။ မစ္စတာ Hart ရဲ့  ဒေါ်လာ ၅ သိန်းလောက်
အခိုးခံခဲ့ရပါတယ်။ လော့အိန်ဂျလိစ်ရဲတပ်ဖွဲ့(LAPD) ကတော့ စုံစမ်းစစ်ဆေးနေပါပြီ” လို့
LAPD ရဲ့  အရာရှိတစ်ဦးဖြစ်တဲ့ Mike Lopez က Complex မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
Kevin
Hart ရဲ့  မိသားစုဝင်တွေကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့
သိရပါတယ်။ Kevin Hart နဲ့ Dwayne “The Rock” Johnson တို့ပါဝင်သရုပ်ဆောင်ထားတဲ့
Central Intelligence ဆိုတဲ့ ဟာသ အက်ရှင် ဇာတ်လမ်းဟာလည်း ဇွန်လ ၁၇ ရက်နေ့ကပဲ ရုံတင်ပြသနေပြီဖြစ်တယ်လို့လည်း
သိရပါတယ်။
Ref : The Boombox