Rap အဆိုတော်တစ်ယောက်ဖြစ်သလို သန်းကြွယ်သူဋ္ဌေးတစ်ယောက်လည်း ဖြစ်တဲ့
Master P ရဲ့  အောင်မြင်မှု ရရှိစေဖို့အတွက် စည်းကမ်းချက် ၁၀ ချက် ကို
ဖော်ပြပေးချင်ပါတယ်။
No Limit Records ကို နောက်ကွယ်ကနေ မောင်းနှင်နေသူဖြစ်ပြီး ၈၀/၂၀
ဖြန့်ချိရေးအကျိုးအမြတ် ခွဲဝေမှု သဘောတူညီချက်ကို ပထမဆုံး
လတ်မှတ်ရေးထိုးခဲ့သူတွေထဲက တစ်ယောက်လည်းဖြစ်တဲ့ Master P ဟာ လက်ရှိမှာ ဒေါ်လာ ၃၅၀
သန်း အထိ ချမ်းသာကြွယ်ဝတယ်လို့ Forbes မဂ္ဂဇင်းရဲ့  ဖော်ပြချက်တွေအရ သိရပါတယ်။
သူ ဟာ Rapper ၊ သရုပ်ဆောင် ၊ လုပ်ငန်းရှင် ၊ စာရေးဆရာ ၊
ရုပ်ရှင်ထုတ်လုပ်ရေး ၊ ဂီတ ထုတ်လုပ်ရေး အားလုံးကို တစ်ယောက်တည်း
လုပ်ဆောင်ခဲ့သလိုပဲ အရင်တုန်းကလည်း NBA ဘတ်စကတ် ဘော အားကစားသမား တစ်ယောက်အဖြစ်လည်း
ရပ်တည်ခဲ့ဖူးပါတယ်။
Master P ပြောပြတဲ့ “အောင်မြင်မှု ရရှိစေဖို့အတွက် စည်းကမ်းချက် ၁၀
ချက်” ကတော့
၁။ Hustle - ရုန်းကန်လှုပ်ရှားပါ
၂။ Stand by your word - အပြောနဲ့အလုပ်နဲ့ညီပါစေ
၃။ Be Prepared - ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါစေ
၎။ Be Independent - အမှီအခို ကင်းပါစေ
၅။ Network - ကွန်ယက်ဖြန့်ကျက် နေထိုင်ပါ
၆။ Create opportunities for yourself - ကိုယ့်ဘာသာကိုယ်
အခွင့်အလမ်းတွေ ဖန်တီးယူပါ
၇။ Educate yourself - ကိုယ့်ဘာသာကိုယ် ပညာသင်ယူပါ
၈။ Take chances on yourself - ကိုယ်တိုင် အခွင့်အလမ်းတွေကို
အသုံးချပါ
၉။ Make up for your losses - အရှုံးတွေကိုခံနိုင်ရည်ရှိပါစေ
၁၀။ Make History - သမိုင်းကြောင်းကောင်းအောင်ကြိုးစားပါ
Ref : HipHopDx