ကမ္ဘာတစ်ဝှမ်းလုံးက
မရေမတွက်နိုင်တဲ့ လူတွေဟာ “NBA Finals” ဘတ်စကတ်ဘော ဖိုင်နယ်ပွဲစဉ်မှာ Golden State
Warriors အသင်းဘက်က လောင်းကြေးထပ်ခဲ့မှုကြောင့် ငွေကြေးများစွာ ရှုံးနိမ့်ခဲ့ကြပါတယ်။
အဲဒီအထဲမှာ အကျော်ကြားဆုံးဖြစ်နေတဲ့ Rap အဆိုတော် Drake လည်း ပါဝင်နေခဲ့ပါတယ်။
ဇွန်လ
၁၉ ရက်နေ့က Rap အဆိုတော် တစ်ယောက်ဖြစ်တဲ့
French Montana ဟာ Hip Hop ဟဲဗီးဝိတ်ချန်ပီယံ လို့ တင်စားခေါ်ဝေါ်ခံနေရတဲ့ Drake
ဆီကနေ လောင်းကြေး ဒေါ်လာ ၆ သောင်း အနိုင်ရခဲ့တဲ့အကြောင်းတွေကို Snapchat ဆိုတဲ့
လူမှုကွန်ယက်မှာ ပြောဆိုထားခဲ့ပါတယ်။
ဗီဒီယို
ရိုက်ကူးမှုဖိုင်(Clip) တစ်ခုအတွင်းမှာ French Montana က “ငါ့ညီအစ်ကို Drizzy Drake
ကို ဒေါ်လာ ၆ သောင်းအတွက် ကျေးဇူးတင်ချင်ပါတယ်။ ဘာလို့လည်းဆိုတော့ မင်းက LeBron ကို
မယုံကြည်ခဲ့လို့ပါ။ LeBron က ၂၇ Points ၊ ၁၁ Rebounds နဲ့ ၁၁ Assists ရလဒ်တွေကို
၉၃-၈၉ မှတ်နဲ့ ၇ပွဲမြောက်
အနိုင်ရရှိမှုပွဲစဉ်မှာ ရယူနိုင်ခဲ့တယ်။” လို့ သရော်ရင်း ပြောဆိုထားပါတယ်။
Drake
ဟာ French Montana ရဲ့  ဗီဒီယို နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ
တုံ့ပြန်ခဲ့ခြင်းမရှိပေမယ့်လည်း သူဟာ ဒေါ်လာ ၆ သောင်းဆုံးရှုံးမှုအတွက်လည်း
စိတ်ပူဟန်မပေါ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ Forbes မဂ္ဂဇင်းရဲ့  ၂၀၁၆
ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး Hip Hop အဆိုတော် စာရင်းထဲမှာ ပါဝင်လာလို့ပါ။
ဂီတဆိုင်ရာ
လှုပ်ရှားမှုတွေမှာတော့ Drake နဲ့ French Montana တို့ဟာ “No Shopping” လို့ခေါ်တဲ့
သီချင်းအသစ်ကို ပူးပေါင်း ဖန်တီးနေတယ်လို့လည်းသိရပါတယ်။ အဲဒီသီချင်းဟာတော့
နယူးယော့ခ်မြို့သား French Montana ရဲ့  မကြာခင်ထွက်ရှိမယ့် “MC4” ဆိုတဲ့
အယ်လ်ဘမ်ထဲမှာ ပါဝင်မယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
Ref
: XXL