Monday, July 4, 2016

Drake နဲ့ Rihanna တို့ နောက်ထပ်တစ်ကြိမ် ချစ်ကြိုက်နေကြတယ်လို့ တရားဝင် သတင်းတွေထွက်ပေါ်လာ




Drake နဲ့ Rihanna တို့ဟာ သူတို့ရဲ့  Relationship Status တွေကို "It's Complicated" ကနေ "In a Relationship" လို့ Facebook မှာ ပြောင်းလိုက်သလိုပါပဲ။ လမ်းခွဲလိုက်ပြီးလို့ကြေညာအပြီး အချိန်တစ်ခု အကြာမှာပဲ သူတို့ ၂ ယောက်ကို အတူတကွ ပြန်တွေ့ရပါပြီ။


ဒီလိုတွေဖြစ်မလာခင်တုန်းကလည်း Rihanna ရဲ့  ANTI နယ်လှည့်ဖျော်ဖြေပွဲတွေမှာ Drake ကို မကြာခဏ တွေ့ခဲ့ရသလို လတ်တလော ကျင်းပပြုလုပ်ခဲ့တဲ့ မန်ချက်စတာ မြို့က ဖျော်ဖြေပွဲတစ်ခုမှာ Drake က "ကျွန်တော်တွေ့ဖူးသမျှထဲမှာ အချောဆုံးအလှဆုံး နဲ့ အထက်မြက်ဆုံး မိန်းမ တစ်ယောက်အကြောင်းပြောပြချင်ပါတယ်။ သူမ ရဲ့  နာမည်က Rihanna ပါ။ ကျွန်တော်သူမကြောင့်အသဲကွဲခဲ့ရပါတယ်။" လို့ ပြောခဲ့တာကလည်း သဲလွန်စ တစ်ခုဖြစ်ခဲ့ပါတယ်။

လတ်တလော ထွက်ပေါ်လာတဲ့ သတင်းဖော်ပြချက်များစွာအရတော့ သူတို့ ၂ ယောက်ဟာ သူတို့ရဲ့  အချစ်ရေးကို အတည်ပြုလိုက်ကြပါပြီ။ "Drake က သူမ ကိုချစ်နေတုန်းပါပဲ။ဘယ်တော့မှ မရပ်တန့်ခဲ့ပါဘူး။ အရင်တုန်းကတော့ ပြေလည်ချင်စိတ်မရှိတာက Rihanna ပါ။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အတူတူ အချိန်တွေဖြုန်းနေရတာကို ပျော်ရွှင်နေကြသလို သူတို့ရဲ့  သီချင်းတွေကလည်း သူတို့ကို့ ပြန်လည်နီးစပ်သွားစေခဲ့ပါတယ်" လို့ ရင်းနှီးသူတစ်ဦးက E! သတင်းဌာနကို ပြောပြခဲ့ပါတယ်။

သူတို့ ၂ ယောက်ဟာ Drake ရဲ့  Views ဆိုတဲ့ အယ်လ်ဘမ်ထဲက "Too Good" ဆိုတဲ့ သီချင်းကို အတူတူသီဆိုခဲ့သလို Rihanna ရဲ့  Anti အယ်လ်ဘမ်ထဲက "Work" ဆိုတဲ့ သီချင်းမှာလည်း အတူတူ တွဲဖက် သီဆိုခဲ့ကြပါတယ်။

သူတို့ ၂ ယောက်ဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း တစ်ကြိမ် တွဲခဲ့ဖူးပြီး လအနည်းငယ်အကြာမှာပဲ သူတို့ ၂ ယောက်ဟာ ရန်ဖြစ်ပြီး လမ်းခွဲခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကတော့ သူတို့ ၂ ယောက်ဟာ နယ်လှည့်ဖျော်ဖြေပွဲ တွေသွားရင်းနဲ့ ပြန်လည်တွဲခုတ်ခဲ့ကြတယ်ဆိုတဲ့ ကောလာဟလ တွေ စတင်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ "သူတို့ ၂ ယောက်က ဒါကို လျှို့ဝှက်ထားချင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိ အချိန် ဟာ သူတို့ ၂ ယောက်အတွက် အချစ်ရေးကို သီးသန့်ဖုံးကွယ်ထားသင့်တဲ့အချိန် ဖြစ်နေလို့ပါ" လို့ ရင်းနှီးသူ သတင်းအရင်းအမြစ်တစ်ဦးက People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

Ref : XXL