Jay-Z ဟာ သူပိုင်ဆိုင်တဲ့ TIDAL ဂီတ၀န်ဆောင်မှုလုပ်ငန်း က တဆင့် “Spiritual” ဆိုတဲ့ သီချင်းအသစ်တစ် ပုဒ်ကို ဖြန့်ချီခဲ့ပါတယ်။
သီချင်းတွေကို အခမဲ့နားဆင်ခွင့်ပေးလေ့မရှိတဲ့ Jay-Z က ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့  သီချင်းအသစ် “Spiritual” ကို တစ်ပုဒ်လုံး အစအဆုံး အခမဲ့ နားဆင်ခွင့်ပေးလိုက်ပါတယ်။ ရွတ်ဆိုပုံ(Flow) အသစ်တွေကို ပွဲဦးထုတ်ခဲ့တဲ့ Jay-Z ဟာ ဒီတစ်ကြိမ်မှာတော့ လူမျိုးရေးခွဲခြားဆက်ဆံခံရတဲ့ လူမည်းတစ်ယောက်ရဲ့  နေရာကနေ Rap တွေကို ရေးသားသီဆိုထားတာဖြစ်ပါတယ်။
ဒီသီချင်းကို ဖြန့်ချီတဲ့အချိန်မှာ Jay-Z က သူပြောပြချင်တဲ့ မက်ဆေ့ဂ်ျ တစ်ခုကိုလည်း ဝေမျှခဲ့ပါတယ်။ အဲဒီ မက်ဆေ့ဂ်ျကတော့ -
“ကျွန်တော်ဒီသီချင်းကိုလုပ်ခဲ့တာကြာပြီ
၊ ဘယ်တော့မှ အပြီးမသတ်ဖြစ်ခဲ့ဘူး။ Punch(TDE ဓါတ်ပြားတိုက်ပိုင်ရှင်) က Mike Brown
သေဆုံးတဲ့အချိန်မှာ ဒီသီချင်းကို ထုတ်လိုက်ဖို့ ကျွန်တော့်ကိုပြောတယ် ၊ ဒါပေမယ့်ကျွန်တော်ဝမ်းနည်းစွာနဲ့ပဲ
‘ဒီပြဿနာကြီးဟာအမြဲတမ်းရင်ဆိုင်နေရဦးမှာပါ’ လို့ သူ့ကိုပြောလိုက်တယ်။ သူ့(Mike
Brown) ရဲ့  သေဆုံးမှုဟာ နောက်ဆုံးအကြိမ်မဟုတ်ဘူးဆိုတာကို သိနေခဲ့တာကြောင့် ကျွန်တော်
နာကျင်ခဲ့ရတယ်။
ကျွန်တော်
စိတ်မကောင်းဖြစ်မိသလို အမေရိကန်ပြည်ထောင်စု ရဲ့  ဒီပြဿနာကြီးကို ကျွန်တော် ရှုံ့ချခဲ့တယ်။
ကျွန်တော်တို့ဟာ ရေရှည် တစ်သားတည်းကျသင့်တယ်။ ကျွန်တော်တို့အခုအဲဒီလို မဟုတ်ကြပါဘူး။
ကျွန်တော် ဘုရားသခင်(God) ကိုယုံကြည်တယ် ၊ ပြီးတော့ ကျွန်တော်တို့ရဲ့  အကြီးမြတ်ဆုံး
ကောင်းမွန်မှုတွေအတွက် ဒါတွေ ဖြစ်ပေါ်လာတယ်ဆိုတာကို သိတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့
ခက်ခဲနေပါသေးတယ်။ ရဲတပ်ဖွဲ့တွေရဲ့ လူမျိုးရေးခွဲခြား အကြမ်းဖက်ဆက်ဆံမှုတွေကြောင့် ချစ်ရသူတွေကို
ဆုံးရှုံးခဲ့ရတဲ့ မိသားစု အားလုံးအတွက် ဆုတောင်းပေးပါတယ်” လို့ Jay-Z က ရေးသားခဲ့တာဖြစ်ပါတယ်။
Jay-Z ရဲ
့ သီချင်းအသစ် “Spiritual” ကို နားဆင်နိုင်ဖို့အတွက် အောက်မှာဖော်ပြပေးထားပါတယ်။
Ref :
XXL