Thursday, December 8, 2016
Monday, September 19, 2016
ရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်နေရတဲ့ Travis Scott
Travis Scott ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ရေဓါတ်ခမ်းခြောက်တဲ့ရောဂါ အခြေအနေ ကြောင့် ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရတယ်လို့ သူ့ရဲ့မန်နေဂျာ David Stromberg က အတည်ပြုပြောကြား ခဲ့ပါတယ်။
Joe Budden နဲ့ araabMUZIK တို့ရဲ့  သီချင်းအသစ် "By Law" ထွက်ရှိ
Joe Budden ဟာ မကြာမီ ထွက်ရှိလာတော့မယ့် သူ့ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် "Rage & The Machine" မှာ ပါဝင်မယ့် သီချင်းတစ်ပုဒ်ဖြစ်တဲ့ "By Law" ကို ဖြန့်ချီခဲ့ပါတယ်။
Wednesday, September 14, 2016
Cash Money ကို နှုတ်ဆက်ထားတဲ့ Lil Wayne ရဲ့  သီချင်းအသစ် "Grateful" ထွက်ရှိ
ဓါတ်ပြားတိုက် နဲ့ သဘောတူညီမှု ပျောက်ဆုံးနေတဲ့ Lil Wayne ဟာ Tidal ဂီတ၀န်ဆောင်မှု လုပ်ငန်းက တဆင့် "Grateful" လို့ အမည်ရတဲ့ သီချင်း အသစ်တစ်ပုဒ်ကို ဖြန့်ချီခဲ့ပါတယ်။ ဒီသီချင်းမှာတော့ Gudda Gudda က Featuring အဖြစ် ပါဝင်ပေးထားပြီး StreetRunner နဲ့ Rugah Rah တို့က တီးခတ် ထုတ်လုပ်ပေးထားပါတယ်။
ဒေါ်လာ ၂၈ သန်းခန့် အရှုံးပေါ်ခဲ့တဲ့ Tidal ဂီတ၀န်ဆောင်မှုလုပ်ငန်း
အောင်မြင်ကျော်ကြားခဲ့တဲ့ Kanye West ရဲ့  "The Life of Pablo" ၊ Rihanna ရဲ့  "ANTI" နဲ့ Beyonce ရဲ့  "Lemonade" အခွေ တို့ကို အဓိက ဖြန့်ချီနိုင်ခဲ့ပေမယ့်လည်း Jay-Z ပိုင်ဆိုင်တဲ့ ဂီတ Streaming ၀န်ဆောင်မှု လုပ်ငန်း "Tidal" ဟာ ဒီနှစ်ပိုင်းတွေမှာ ငွေကြေး များစွာ အရှုံးပေါ်ခဲ့ပါတယ်။
Tuesday, September 13, 2016
Tech N9ne ရဲ့  အယ်လ်ဘမ် အသစ် "The Storm" မှာ ပါဝင်မယ့် သီချင်း အသစ် ၃ ပုဒ် ထွက်ရှိလာ
အားလုံးစောင့်မျှော်နေကြတဲ့ Tech N9ne ရဲ့  အယ်ဘမ်သစ် "The Storm" ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ထွက်မယ်လို့ ကြေညာထားပေမယ့် Tech N9ne က သူ့ရဲ့  အယ်လ်ဘမ်သစ်ဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာမှ ထွက်ရှိနိုင်လိမ့်မယ် လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။
Rick Ross ရဲ့  သီချင်းအသစ် "No U-Turns" ထွက်ရှိ
၂၀၁၄ခုနှစ်မှာ "Mastermind" နဲ့ "Hood Billionaire" ဆိုတဲ့ အယ်လ်ဘမ် ၂ ချပ်ကိုထုတ်လုပ်ခဲ့တဲ့ Rick Ross ဟာ ၂၀၁၅ ခုနှစ်မှာတော့ "Black Market" ဆိုတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ သီချင်း အသစ် တစ်ပုဒ်စ ၊ နှစ်ပုဒ်စ ပဲ ထုတ်လုပ်မှုတွေရှိခဲ့ပါတယ်။
Sunday, September 11, 2016
ဝင်ငွေအကောင်းဆုံး Hip Hop သမားများ စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နေတဲ့ Puff Daddy
Puff Daddy ဟာ ၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းရဲ့  Hip Hop Cash Kings ဆိုတဲ့
ဝင်ငွေအကောင်းဆုံး Hip Hop သမားများ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
Friday, September 9, 2016
ဇနီးသည် ဘက်က ရပ်တည် ကာကွယ်ပေးခဲ့ဖူးတဲ့ နာမည်ကြီး Rapper (၆) ဦး
Tyga နဲ့ Desiigner တို့ရဲ့  သီချင်းအသစ် "Gucci Snakes" ထွက်ရှိ
ပြီးခဲ့တဲ့ည(၈.၉.၁၆) တုန်းက G.O.O.D Music ဓါတ်ပြားတိုက်ဟာ နယူးယော့ခ်မြို့တော်မှာ မထင်မှတ်ထားတဲ့ ရှိုးပွဲ ဖျော်ဖြေမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီရှိုးပွဲမှာတော့ G.O.O.D Music ဓါတ်ပြားတိုက်ရဲ့  ပိုင်ရှင် Kanye West က ဦးဆောင်ပြီး Pusha T ၊ Migos နဲ့ Desiigner တို့က ဖျော်ဖြေခဲ့ကြပါတယ်။
Thursday, September 8, 2016
Kanye West နဲ့ Drake တို့ နှစ်ယောက်တွဲ အယ်လ်ဘမ် တစ်ချပ် ကို ပူးပေါင်းဖန်တီးနေ
Vogue မဂ္ဂဇင်းကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Kanye West ဟာ လက်ရှိ အောင်မြင်မှုအားအကောင်းဆုံး Rap အဆိုတော် Drake နဲ့ အတူ နှစ်ယောက်တွဲ အယ်လ်ဘမ် တစ်ချပ် ကို ပူးပေါင်းဖန်တီးနေတယ်ဆိုတဲ့ အကြောင်းတွေကို အတည်ပြုပြောပြခဲ့ပါတယ်။
Wednesday, September 7, 2016
Tupac လက်ရေးနဲ့ သီချင်းစာသားတွေရေးသားထားတဲ့ စာရွက်ကို ဒေါ်လာ ၃၈၅၀၀ နဲ့ ရောင်းချဖို့ ပြင်ဆင်
Tupac Shakur ကိုယ်တိုင် လက်ရေးနဲ့ သီချင်းရေးသား ထားတဲ့ စာရွက် အစိတ်အပိုင်း အချို့ကို ဒေါ်လာ ၃၈၅၀၀ နဲ့ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ TMZ သတင်းဌာနက ဖော်ပြထားပါတယ်။
Rich The Kid နဲ့ Jaden Smith တို့ရဲ့  သီချင်းဗီဒီယိုအသစ် "Like This" ထွက်ရှိ
Trap သမား တစ်ယောက်ဖြစ်တဲ့ Rich The Kid ဟာ သူ့ရဲ့  နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ သီချင်းဗီဒီယို "Like This" မှာတော့ သရုပ်ဆောင် Rapper Jaden Smith နဲ့ အတူ ပူးပေါင်းပြီး ဖန်တီးခဲ့ပြန်ပါတယ်။
Tuesday, September 6, 2016
Nicki Minaj ရဲ့  လက်တန်းသီဆိုမှု(Freestyle) သီချင်း "The Pinkprint Freestyle" ထွက်ရှိ
Nicki Minaj တစယောက် သီချင်းအသစ်တွေထွက်မလာပဲ ငြိမ်နေရာကနေ ဒီတစ်ကြိမ်မှာတော့ "The Pinkprint Freestyle" လို့အမည်ရတဲ့ Nicki Minaj ရဲ့  လက်တန်းသီဆိုမှု(Freestyle) သီချင်း အသစ်တစ်ပုဒ်ကို ဖြန့်ချီလိုက်ပါတယ်။
အယ်လ်ဘမ်သစ် တစ်ခုကို စက်တင်ဘာလအတွင်း ထုတ်လုပ်သွားမယ့် Kid Cudi
အမြဲတမ်း ပြဲ(High)နေတဲ့ Kid Cudi တစ်ယောက် ဒီလထဲမှာ အယ်လ်ဘမ် တစ်ချပ်ကို ထုတ်လုပ်သွားမယ်လို့ ထုတ်ဖော်ကြေညာခဲ့သလို အဲဒီ အယ်လ်ဘမ်ဟာ ရုပ်ပိုင်းဆိုင်ရာမှာတော့ နှစ်ချပ်တွဲ ပရောဂျက်တစ်ခုဖြစ်တယ်လို့လည်း Kid Cudi ကဆိုထားပြန်ပါတယ်။
Wednesday, August 31, 2016
သေစေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် Chris Brown အဖမ်းခံထားရ
အဆိုတော် Chris Brown ဟာ လူတစ်ယောက်ကိုသေစေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတယ်လို့ ABC သတင်းဌာန ရဲ့  ဖော်ပြချက်အရသိရပါတယ်။
Tuesday, August 30, 2016
G-Unit အဖွဲ့ရဲ့  မထုတ်ခဲ့ဖူးတဲ့ Unreleased သီချင်း "Set the Pick" ထွက်ရှိလာ
အဖွဲ့လိုက် လှုပ်ရှားမှုတွေ နည်းသွားတဲ့ G-Unit အဖွဲ့ရဲ့  တစ်ခါမှာ မထွက်ရှိခဲ့ဖူးတဲ့ သီချင်းအဟောင်း "Set the Pick" ဆိုတဲ့ သီချင်းတစ်ပုဒ်ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ အဲဒီသီချင်းထဲမှာတော့ Young Buck ၊ Lloyd Banks နဲ့ Kidd Kidd တို့က သီဆိုထားတာကိုတွေ့ရပါတယ်။
Tuesday, August 16, 2016
Biggie က Tupac ကို သူ့ရဲ့  ညွှန်ကြားသူ မန်နေဂျာ အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ကောလာဟလ ထွက်ပေါ်
Rapper တွေအားလုံး အရင်ကတည်းက သိထားခဲ့တာက ဂန္တ၀င် Rap အဆိုတော် Tupac ဟာ သူနဲ့ ရန်ဘက်ဖြစ်ခဲ့တဲ့ The Notoriuos B.I.G တစ်ယောက် နာမည်ကြီမလာခင်တုန်းက Hip-Hop လောကထဲမှာ ရပ်တည်နိုင်ဖို့ နည်းလမ်းကောင်းတွေ ညွှန်ပြခဲ့ဖူးတယ်ဆိုတာပါ။
"Please Forgive Me" ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ရိုက်ကူးထုတ်လုပ်မယ့် Drake
Rap အဆိုတော် Drake ဟာ လက်ရှိမှာ Summer Sixteen ဆိုတဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို ကျင်းပပြီး စီးပွားရေးသောင်းကျန်းနေတဲ့ကြားက "Please Forgive Me" ဆိုတဲ့ ရုပ်ရှင် ဇာတ်လမ်းတစ်ခုကိုလည်း ထုတ်လုပ်သွားဦးမယ်လို့ ကြေညာခဲ့ပြန်ပါတယ်။
Subscribe to:
Posts (Atom)
















