မကြာမီ ရောက်ရှိလာတော့မယ့်
အမေရိကန်ပြည်ထောင်စု ရဲ့  သမ္မတသစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီကနေ
ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန် ကို ထောက်ခံမဲပေးသွားမယ်လို့ Rap အဆိုတော် RZA
က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Wu-Tang Clan အဖွဲ့ရဲ့  ဦးဆောင်သူတစ်ယောက်လည်း ဖြစ်တဲ့ RZA က သူ့အနေနဲ့ ဟီလာရီကလင်တန် ကိုထောက်ခံရခြင်းမှာ
ကမ္ဘာပတ်ပြီး ခရီးသွားခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ဖြစ်တယ်လို့ Daily Beast သတင်းဌာနကို
ပြောပြလာပါတယ်။
“အမေရိက ဆိုတာဟာ
ကမ္ဘာမှာ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုရှိတဲ့နေရာပါ။ ဂီတသမားတစ်ယောက်အနေနဲ့ ကမ္ဘာပတ်ခဲ့တဲ့အထဲမှာမှ
ဘီလ်ကလင်တန် ၊ ဂျော့ဂ်ျဒဗလျူဘုရှ် ၊ ဘားရက် အိုဘားမား တို့ လက်ထက်တွေမှာ ကျွန်တော်
သွားခဲ့ပါတယ်။ ဘီလ်ကလင်တန် လက်ထက်မှာ ကမ္ဘာပတ်တော့ အားလုံးက ကောင်းတာတွေ ရှိခဲ့ပါတယ်။
ဘုရှ် အချိန်မှာ ကမ္ဘာပတ်တော့ အားလုံးက ကျွန်တော့်ကို မုန်းတယ်။ အိုဘားမား လက်ထက် ကြတော့
အားလုံး ပြန်ကောင်းလာပြန်တယ်” လို့ RZA က ဆိုပါတယ်။
ဒါ့အပြင်
RZA က ဟီလာရီကလင်တန်ကို မဲပေးလိုက်ခြင်းဟာ ဒေါ်နယ်ထရပ်မ့် ထက်စာရင် ကောင်းမွန်တဲ့ ကမ္ဘာ့အမြင်
တစ်ခုကို ရရှိနိုင်တယ်လို့ ယုံကြည်နေပြီး လူမည်း တစ်ယောက်ကို သမ္မတ လုပ်ခွင့်ပြုလိုက်
တုန်းကလိုပဲ အမျိုးသမီး တစ်ယောက်ကို သမ္မတ အဖြစ် လုပ်ကိုင်စေခြင်းဟာလည်း အမေရိကန် ပြည်ထောင်စု
ကို ပိုပြီး စံ နမူနာဖြစ်လာစေနိုင်တယ်လို့ RZA က ဆိုပါတယ်။
ပြီးခဲ့တဲ့
နိုဝင်ဘာလကတည်းကလည်း RZA ဟာ အမျိုးသမီးတစ်ယောက် တိုင်းပြည်အုပ်ချုပ်ခွင့်ရဖို့ အချိန်တန်
နေပြီ လို့ ဆိုခဲ့ဖူးပါတယ်။
( ZweThetPaing )
Ref :
XXL