ပြီးခဲ့တဲ့ သောကြာင်္နေ့ညက အမေရိကန်ပြည်ထောင်စု ၊ အတ္တလန်တာ မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲတစ်ခုမှာ Rap အဆိုတော် နဲ့ သရုပ်ဆောင် T.I လည်း ပါဝင်ခဲ့ပါတယ်။ ထို ဆန္ဒထုတ်ဖော်ပွဲကတော့ အာဖရိကန်-အမေရိကန် လူမျိုး(လူမည်း) တွေကို ရဲ အရာရှိတွေက ခွဲခြားဆက်ဆံမှုက တဆင့် ပစ်ခတ်သတ်ဖြတ်မှုတွေအပေါ် သည်းမခံ နိုင်တော့ တဲ့အကြောင်းကိုတွေကို ထုတ်ဖော်ပြသမှု တစ်ခုပဲ ဖြစ်ပါတယ်။
ဆန္ဒထုတ်ဖော်တဲ့ လူထုဟာ နိုင်ငံသားနဲ့လူ့ အခွင့်အရေးဆိုင်ရာ အမျိုးသားစင်တာ ရှေ့မှာ စတင်လူစု ဆန္ဒထုတ်ဖော် ခဲ့ပြီးတဲ့နောက် CNN သတင်းဌာန ရုံးရှိရာကို ဦးတည် ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ရဲ အရာရှိ တွေဟာ လူအုပ်တံတိုင်းအသွင်ဖန်တီးပြီး ဆန္ဒပြ လူထု ကို အဝေးပြေး လမ်းမ ကြီးပေါ် မတက်ရောက် နိုင်အောင် တားဆီး ပိတ်ဆို့ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်တုန်းက T.I ကို သူပိုင်ဆိုင်တဲ့စားသောက်ဆိုင်မှာရှိတဲ့ ၀န်ထမ်းတွေက အချိန်ပိုစေခိုင်းပြီး လုပ်အားခ မရှင်းပေးတဲ့အတွက် တရားစွဲဆိုထားသလို သူ့ရဲ့စားသောက်ဆိုင် ဟာလည်း အခွန်မဆောင်ထားတဲ့အတွက် အမှုရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဒီ အပတ်မှာတော့ သူ့ စားသောက်ဆိုင် နဲ့ မလှမ်းမကမ်းမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲကို T.I က ပါဝင်ဆင်နွှဲလာခဲ့ပြီး သူ့ရဲ့  Instagram အကောင့်မှာလည်း ဆန္ဒထုတ်ဖော်ပွဲကနေ မှတ်တမ်းတင် ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို ဝေမျှခဲ့ပါတယ်။
ရဲအရာရှိတွေဟာ “သင်တို့သာ အဝေးပြေးလမ်းပေါ်တက်ရောက်မယ်ဆိုရင် သင်ဟာ သင်တို့ရဲ့  ဘ၀တွေကိုရော ၊ အပြစ်မရှိတဲ့ ယာဉ်မောင်းတွေရဲ့  ဘ၀တွေကိုရော ၊ ကျွန်ုပ်တို့ အရာရှိတွေရဲ့  ဘ၀တွေကိုပါ အန္တရာယ် ဖြစ်စေပါလိမ့်မယ်” လို့ အတ္တလန်တာမြို့တော်ဝန် Kasim Reed က Twitter က တဆင့် သောကြာင်္နေ့ ညမှာ ကြေညာခဲ့ပြီး ဆန္ဒပြလူထုဟာ စနေနေ့မနက် ၃နာရီ ၄၅ မိနစ်မှာ လူစုခွဲခဲ့ကြပါတယ်။
Ref : WSBTV