Rap အဆိုတော်
Common ဟာ Jazz အဆိုတော်တွေဖြစ်ကြတဲ့ Gregory Porter ၊ Keyon Harrold ၊ Andrea
Pizzicono တို့နဲ့ ပူးပေါင်းပြီး ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်များနေ့
ကို ဖော်ကျူးသီဆို ထားတဲ့ “Running(Refugee Song)” ကို သီဆို ခဲ့ပါတယ်။
ဒီသီချင်းဟာ
သီချင်းအနေနဲ့တင် မဟုတ်ပဲ ဗီဒီယို အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဗီဒီယို တင်ဆက်မှု အပိုင်းမှာတော့
ကမ္ဘာတစ်ဝှမ်းက ဒုက္ခသည်များရဲ့  ပုံရိပ်များ ၊ ဒုက္ခသည်အရေးနဲ့ သက်ဆိုင်တဲ့ စာသားများကို
ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယို ရဲ့  အစမှာလည်း ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူဦးရေ
သန်း ၆၀ ခန့်ဟာ သူတို့ရဲ့  နေအိမ်ကို စွန့်ခွာနေရပြီး ဒုက္ခသည် ၅၀ ရာခိုင်နှုန်းခန့်ဟာတော့
အသက် ၁၈ နှစ်မပြည့်ကျသေးဘူး ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပြသထားပါတယ်။
Common ဟာ
Hip Hop နယ်ပယ်မှာလည်း သူ တာဝန်ယူရမယ့် အပိုင်းတွေကို မေ့ထားချင်းမရှိခဲ့ပါဘူး။ ချီကာဂို
မြို့သား MC ဟာ ဒီနှစ်အတွင်း ထွက်ရှိလာမယ့် သူ့ရဲ့  အယ်လ်ဘမ် အသစ်အတွက်လည်း လုပ်ဆောင်နေပြီဖြစ်သလို
Hip Hop ယဉ်ကျေးမှု မှာ အကြမ်းဖက်မှု တွေပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကိုလည်း ဆန့်ကျင်ပြီး
လှုပ်ရှားမှုတွေ ၊ ပြောဆိုမှု တွေအတွက်လည်း အချိန်ပေး လုပ်ဆောင်နေပြန်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက
ရွှေကမ္ဘာလုံးဆု ၊ အကယ်ဒမီဆု တွေ ပိုင်ဆိုင်ရရှိခဲ့တဲ့ Rap အဆိုတော် Common ကိုယ်တိုင်
Rap တစ်ပိုဒ် ပါဝင်သီဆိုထားတဲ့ “Running(Refugee Song)” သီချင်း ဗီဒီယိုကိုတော့ အောက်မှာ
ဖော်ပြပေးထားပါတယ်။
Ref :
XXL