လူမှုမီဒီယာတွေမှာ
စေ့စပ်လိုက်ပြီလို့ ကြေညာခဲ့တဲ့ တစ်နှစ်ခန့်ရှိတဲ့အခါမှာတော့ Rap အဆိုတော်မလေး
Iggy Azalea ဟာ သူမနဲ့ LA Lakers အသင်းရဲ့  ကမ္ဘာကျော် ဘတ်စကတ်ဘောကစားသမား Nick
Young တို့ လမ်းခွဲလိုက်ပြီလို့ Instagram က တဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ကံမကောင်းစွာနဲ့ပြောရမှာပါ
၊ ကျွန်မ Nick ကို ချစ်ပါတယ် ၊ ကျွန်မ ကြိုးစားခဲ့ပါတယ် ၊ ကျွန်မ သူနဲ့ပတ်သက်ပြီး
ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာတော့
ကျွန်မ ကြိုးစားဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလာခဲ့ပါတယ်။ Nick အတွက် အကောင်းဆုံးဖြစ်ပါစေလို့
ကျွန်မ ဆုတောင်းပေးပါတယ်” လို့ Iggy Azalea က ရေးသားထားပါတယ်။
ဒါ့အပြင်
“ သင့်အနာဂါတ်တစ်ခုလုံး အတူရှိဖို့ ရည်ရွယ်ထားတဲ့သူနဲ့ လမ်းခွဲဖို့ဆိုတာ ဘယ်တော့မှ
မလွယ်ကူပါဘူး။ ဒါပေမယ့် အနာဂါတ်တွေဟာ ပြန်လည် ရေးသားလို့ရသလို ဒီနေ့ကစပြီး ကျွန်မ ရဲ
့ အနာဂါတ်ဟာ ဗလာ စာရွက်တစ်ရွက် ဖြစ်သွားပါပြီ” လို့ သူမက ရေးသားထားပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး
Nick Young ဘက်က ဘာမှ ပြန်မပြောထားပေမယ့် သူ့ရဲ့  Twitter မှာတော့ “Single” ဆိုတဲ့
စကားလုံးကိုရေးသားပြီး လမ်းခွဲပြတ်စဲမှုကို အတည်ပြုခဲ့ပါတယ်။
Ref :
HipHopDx