“P.I.M.P”
ဆိုတဲ့ 50 Cent ရဲ့  သီချင်းကို မကြားဖူးခဲ့တဲ့ Rapper မရှိသလောက်ရှားပါတယ်။ Dr.Dre ရဲ့  Aftermath ဓါတ်ပြားတိုက်နဲ့ Eminem ရဲ့  Shady ဓါတ်ပြားတိုက်တို့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး 50
Cent ရဲ့  ပွဲဦးထွက် အယ်လ်ဘမ်ဖြစ်ခဲ့တဲ့ “Get Rich or Die Tryin” ဆိုတဲ့ အယ်လ်ဘမ်ထဲက ကမ္ဘာကျော် Rap သီချင်း တစ်ပုဒ်လည်း
ဖြစ်ပါတယ်။
အဲဒီသီချင်းနဲ့
ပတ်သက်ပြီး သီချင်းတီးခတ်ထုတ်လုပ်သူ Producer တစ်ယောက်ဖြစ်တဲ့ Brandon Parrott က
50 Cent နဲ့ Dr.Dre တို့ကို တရားစွဲဆိုထားပြန်ပါတယ်။ TMZ သတင်းဌာနရဲ့  ဖော်ပြချက်အရတော့
သူဟာ Dr.Dre ဆီကို ၂၀၀၁ ခုနှစ်တုန်းက Rap မရွတ်ဆိုရသေးတဲ့ တီးလုံး(Beats) အချို့ကိုပေးပို့ခဲ့တယ်လို့
Brandon Parrott က ထွက်ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့  “BAMBA” လို့ အမည်ပေးထားတဲ့
တီးလုံးကို 50 Cent ရဲ့ အယ်လ်ဘမ် အတွက် ယူသုံးလိုက်တယ်ဆိုတဲ့အကြောင်း Dr.Dre က သူ့ကို အကြောင်းကြားခဲ့တယ်လို့ Brandon Parrott က
ဆက်ပြီး ပြောပြပါတယ်။
50 Cent ရဲ
့ အခွေထွက်လာတဲ့အခါမှာတော့ အဲဒီသီချင်းရဲ့  ထုတ်လုပ်သူနေရာမှာ D-12 အဖွဲ့ဝင်
Denaun Porter တစ်ယောက်သာ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ (Wikipedia မှာတော့ Denaun
Porter နဲ့ Brandon Parrott တို့ ၂ ယောက်လုံးကို Credit ပေးထားတာ တွေ့ရပါတယ်)
Parrott က
အခိုင်အမာစွပ်စွဲထားပြန်တာက Dr.Dre ဟာ အဲဒီ P.I.M.P သီချင်း ဖြစ်လာခဲ့တဲ့ Parrott ရဲ
့ “BAMBA” အမည်ရှိ တီးလုံးကို ပြန်လည် တည်းဖြတ် Edit လုပ်ထားပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့
ပြောပြ လာပြီး တီးခတ်ထုတ်လုပ်သူနေရာမှာ Credit မပေးခဲ့တာကတော့ ရိုးသားတဲ့ အမှားတစ်ခုသာ
ဖြစ်ခဲ့ တယ် လို့ ပြောပြလာ ကာ သူ့ကို ထိုတီးလုံးသုံးစွဲမှုနဲ့ ပတ်သက်ပြီး စာချုပ်ချုပ်
လက်မှတ်ထိုးခိုင်းခဲ့တယ်ဆိုတာပါပဲ။
လက်ရှိမှာ
တရားစွဲဆိုထားရတဲ့ အဓိကအကြောင်းအရာကတော့ Parrott ဟာ စာချုပ်ချုပ်ဆိုခဲ့စဉ်မှာ ကတည်းက
တီးခတ်ထုတ်လုပ်သူနေရာမှာ မပါဝင်ခဲ့ရတာကြောင့် 50 Cent အနေနဲ့ အကြိမ်ကြိမ် အသုံးပြု
ဖျော်ဖြေသီဆိုနေတဲ့ ထိုတီးလုံးအတွက် တန်ရာတန်ကြေး ပမာဏ တစ်ခု ရယူလိုတာ ပဲ ဖြစ်ပါတယ်။
“P.I.M.P”
သီချင်းဟာ Queens မြိုကနယ်သား Rapper ကြီး
50 Cent အတွက်တော့ Billboard ရဲ့  အကောင်းဆုံး သီချင်း ၁၀၀ စာရင်းမှာ နံပါတ် ၃ အဖြစ်
အချိန်ကြာရှည်စွာ ရပ်တည်စေနိုင်ခဲ့သလို ၂၀၀၃ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး အဲဒီသီချင်းပါဝင်တဲ့
50 Cent ရဲ့  ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် “Get Rich or Die Tryin” အယ်လ်ဘမ်ဟာလည်း
အချပ်ရေ ၈.၄ သန်းအထိ ရောင်းချနိုင်ခဲ့ပြီး အမေရိကန်အသံသွင်းလုပ်ငန်းအဖွဲ့အစည်း(RIAA)
ရဲ့  ပလက်တီနမ်အယ်လ်ဘမ် အဖြစ် ၆ ကြိမ်တိုင်တိုင် သတ်မှတ်ခြင်းခံခဲ့ရတဲ့ အခွေလည်း ဖြစ်ပါတယ်။
50 Cent ဟာ
“P.I.M.P” သီချင်း ကို Snoop Dogg ၊ Llyod Banks ၊ Young Buck တို့နဲ့ အတူ Remix ဗားရှင်းလည်း
ပြန်လည် သီဆိုထားပါသေးတယ်။
Ref :
XXL