GZA တစ်ယောက်
တစ်ကိုယ်တော် သီချင်းတွေ ထုတ်ထားတာ မကြာသေးဘူးဆိုပေမယ့်လည်း Wu-Tang Clan အဖွဲ့ဝင်
GZA ဟာ သီချင်း အသစ်တစ်ပုဒ်ဖြစ်တဲ့ “The Spark” ကို ထုတ်လုပ်ဖြန့်ချီခဲ့ပြန်ပါတယ်။
ဒီ သီချင်းဟာ
သာမန် Rap စာသားမျိုးတွေနဲ့တည်ဆောက်ထားတာ မဟုတ်ပါဘူး။ GZA ဟာ အာကာသဆိုင်ရာ ထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့
NASA ရဲ့  ဂျူပီတာ ဂြိုလ်ကို သွားရောက်လေ့လာမယ့် Juno Mission အတွက် သိပ္ပံပညာဆိုင်ရာ
သင်ခန်းစာ တစ်ခု သဖွယ် ရေးသားသီဆိုထားတာဖြစ်ပါတယ်။ သူဟာ Big Bang ဖြစ်စဉ်နောက်ပိုင်းက
နာနိုစက္ကန့်တွေ အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ စကြာဝဠာကြီး ဖြစ်တည်လာမှု တွေကိုလည်း
ထည့်သွင်းရေးစပ်ထားပါတယ်။
Wu-Tang
Clan အဖွဲ့ဝင် GZA ရဲ့  သီချင်း အသစ်တစ်ပုဒ်ဖြစ်တဲ့ “The Spark” ကို နားဆင်နိုင်ဖို့အတွက်
အောက်မှာ ဖော်ပြပေးထားပါတယ်။
Ref :
XXL