Monday, June 13, 2016

အတ္တလန်တာ မြို့ ကို တစ်ခါ မှ မရောက်ဖူးတဲ့ Desiigner



“Panda” ဆိုတဲ့ သီချင်းနဲ့ တစ်ဟုန်ထိုး အောင်မြင်ကျော်ကြားခဲ့တဲ့ တက်သစ်စ Rap အဆိုတော်လေး Desiigner ဟာ အတ္တလန်တာ မြို့ ကို တစ်ကြိမ်မှ မရောက်ဖူးဘူးလို့ ၀န်ခံပြောကြားလာပါတယ်။

အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ Kanye West တည်ထောင်ထားတဲ့ G.O.O.D Music ဓါတ်ပြားတိုက်ကနေ ပွဲထုတ်လာတဲ့ အသက် ၁၉ နှစ်အရွယ် Desiigner ဟာ နယူးယော့ခ်မြို့တော် ၊ ဘရွတ်ကလင်း မြို့နယ် သား MC တစ်ယောက်ဖြစ်ပါတယ်။

“ကျွန်တော် အတ္တလန်တာကို တစ်ခါမှာ မရောက်ဖူးပါဘူး” လို့ Desiigner က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Desiigner ရဲ့  အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Panda” သီချင်းထဲက Rap စာသား တစ်ခုမှာလည်း “I got broads in Atlanta” ဆိုတဲ့ စာသားနဲ့အတူ သူဟာ အတ္တလန်တာမှာ စော်တွေအများကြီးရှိတဲ့ ပုံစံမျိုး ထည့်သွင်း ရွတ်ဆိုခဲ့ပါတယ်။ တစ်ကယ်တော့ Desiigner ဟာ အတ္တလန်တာမှာ စော်တွေအများကြီးရှိဖို့ မပြောနဲ့ အတ္တလန်တာမြို့ကိုတောင် တစ်ခါမှာ မရောက်ဖူးခဲ့သူပါ။ သူဟာ အားလုံးကိုလှည့်စားပြီး Billboards ထိပ်ဆုံးနေရာကို အရယူခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ စောင့်မျှော်နေသလိုပဲ Desiigner ဟာ ပရောဂျက် အသစ် ၂ ခုကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပထမ ပရောဂျက်ကတော့ Life of Desiigner ဆိုတဲ့ ပွဲဦးထွက် LP အခွေဖြစ်ပြီး ဒုတိယ ပရောဂျက် ကတော့ Cruel Winter,G.O.O.D ဆိုတဲ့ အတွဲခွေ တစ်ခွေပဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref : XXL Mag