Wednesday, July 27, 2016
ဥရောပ တိုက်မှာ အပန်းဖြေခရီးထွက်နေကြတဲ့ ကမ္ဘာ့အချမ်းသာဆုံး အနုပညာရှင် စုံတွဲ
Jay-Z နဲ့ Beyoncé တို့လင်မယား နှစ်ယောက်ရဲ့  ဘ၀ဟာ "ကောင်းသောဘ၀" ပါပဲ။
သူတို့ ဇနီးမောင်နှံဟာ Beyoncé ရဲ့  Formation ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ရဲ့  တစ်စိတ်တစ်ဒေသ အဖြစ် ဥရောပ ကို ရောက်ရှိနေစဉ်မှာ ဥရောပ တိုက်ရဲ့  အလှအပတွေကို ခံစားဖို့အတွက် အချိန်ပေးခဲ့ကြပါတယ်။
Beyoncé ဟာ သူမရဲ့  ကိုယ်ပိုင် ၀က်ဘ်ဆိုက် က တဆင့် အားလပ်ရက် အပန်းဖြေခရီး ဓါတ်ပုံအချို့ကို ဝေမျှခဲ့ကြပါတယ်။ အဲဒီ ဓါတ်ပုံတွေမှာ သူတို့ ဇနီးမောင်နှံနဲ့ အတူ သမီးလေး Blue Ivy ရဲ့  ပုံရိပ်တွေလည်း ပါဝင်ခဲ့ပါတယ်။
မကြာသေးမီကပဲ Forbes မဂ္ဂဇင်းက Jay-Z နဲ့ Beyoncé တို့ ဇနီးမောင်နှံကို ကမ္ဘာ့အချမ်းသာဆုံး အနုပညာရှင် စုံတွဲ အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာ ၀င်ငွေ စုစုပေါင်း ဒေါ်လာ ၁၀၇.၅ သန်းတိတိ ၀င်ငွေရှိခဲ့ကြပါတယ်။ အဲဒီ ၀င်ငွေ စုစုပေါင်းထဲက အများစုဟာ Beyoncé ရဲ့  ပေါက်မြောက်ခဲ့တဲ့ အယ်လ်ဘမ် "Lemonade" နဲ့ "Formation" ကမ္ဘာလှည့် ဖျော်ဖြေရေး တို့က ရရှိခဲ့တာဖြစ်ပြီး Jay-Z ပိုင်ဆိုင်တဲ့ ဂီတ၀န်ဆောင်မှုကုမ္မဏီ Tidal နဲ့ Roc Nation ကုမ္မဏီ တို့ဟာလည်း ၀င်ငွေ ကောင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ငွေကြေးအင်အား ကောင်းမွန်တဲ့ သူတို့ လင်မယားဟာ နှစ်ယောက်တွဲ သီချင်းခွေ တစ်ခွေကို ထုတ်လုပ်ပြီး ပိုက်ဆံ ထပ်ရှာဦးမယ်လို့လည်း ကောလာဟလ တွေ မေလကတည်းက ထွက်ပေါ်နေခဲ့ပါတယ်။ အဲဒီကောလာဟလ တွေရဲ့  နောက်ဆက်တွဲအဖြစ် Jay-Z နဲ့ Beyoncé တို့ကိုယ်တိုင် New York Post သတင်းဌာနကို သူတို့နှစ်ယောက်တွဲ အယ်လ်ဘမ်ဟာ ပြီးစီးနေပြီဖြစ်တယ်လို့ ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။
အားကျဖို့ကောင်းတဲ့ Hip Hop စုံတွဲ Jay-Z နဲ့ Beyoncé တို့ရဲ့  ဥရောပတိုက် အပန်းဖြေ ခရီးစဉ် တစ်လျှောက် ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Ref : XXL , Rap-Up