Tuesday, August 16, 2016

Biggie က Tupac ကို သူ့ရဲ့  ညွှန်ကြားသူ မန်နေဂျာ အဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ကောလာဟလ ထွက်ပေါ်



Rapper တွေအားလုံး အရင်ကတည်းက သိထားခဲ့တာက ဂန္တ၀င် Rap အဆိုတော် Tupac ဟာ သူနဲ့ ရန်ဘက်ဖြစ်ခဲ့တဲ့ The Notoriuos B.I.G တစ်ယောက် နာမည်ကြီမလာခင်တုန်းက Hip-Hop လောကထဲမှာ ရပ်တည်နိုင်ဖို့ နည်းလမ်းကောင်းတွေ ညွှန်ပြခဲ့ဖူးတယ်ဆိုတာပါ။


အခုထပ်ပြီးထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ The Notoriuos B.I.G (ခေါ်) Biggie Smalls ဟာ သူ့ကို စီမံခန့်ခွဲပေးဖို့ ၊ တစ်နည်းအားဖြင့် သူ့ရဲ့  ညွှန်ကြားသူအဖြစ် ဆောင်ရွက်ပေးဖို့ Tupac ကို ကမ်းလှမ်းခဲ့ဖူးတယ်ဆိုတာပါပဲ။စာရေးဆရာ Ben Westhoff(Dirty South) ရေးသားတဲ့ "Original Gangstas: The Untold Story of Dr. Dre, Eazy-E, Ice Cube, Tupac Shakur, and the Birth of West Coast Rap" ဆိုတဲ့ စာအုပ်ထဲမှာ ဒီအကြောင်းအရာတွေကို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

"လူတွေက Biggie စတင်ပေါ်ပေါက်မလာခင်ကတည်းက Tupac က နာမည်ကြီးနေပြီးသားဆိုတာကို မေ့နေကြပါတယ်။ Tupac ဟာ Biggie ကို သူ့လက်အောင်မှာထားပြီး သူသိသမျှ ပြန်သင်ပေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူမျှော်လင့်ထားသလောက် Biggie ရဲ့  လမ်းကြောင်းဟာ လျင်မြန်စွာ မအောင်မြင်လာခဲ့ပါဘူး။ အဲဒါနဲ့ Biggie က Tupac ကို သူ့ရဲ့  ညွှန်ကြားသူ မန်နေဂျာ အဖြစ် ဆောင်ရွက်ပေးဖို့ မေးခဲ့ပေမယ့် Tupac ကတော့ သူ့ကို P.Diddy နဲ့ပဲ ဆက်လက်ပူးပေါင်းဖို့ နဲ့ လိုအပ်ရင်တော့ ကူညီပေးမယ့်အကြောင်းတွေပြန်ပြောခဲ့တယ်" လို့ Ben Westhoff က ရေးသားထားတာပါ။

Tupac နဲ့ Biggie တို့ကြားက အတည်မပြုနိုင်တဲ့ ကောလာဟလတွေထဲမှာ ရယ်စရာကောင်းတဲ့ အခြား ကောလာဟလတစ်ခုထွက်ပေါ်ခဲ့ဖူးတာကတော့ Biggie ဟာ Suge Knight ကို ချဉ်းကပ်ပြီး Bad Boy ဓါတ်ပြားတိုက်ကို စွန့်ခွာဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း Ben Westhoff ရေးသားတဲ့ ကောလာဟလကတော့ ဘယ်သူမှ အတည်မပြုပေးနိုင်ပေမယ့် စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။ Westhoff ရေးသားတဲ့ "Original Gangstas" စာအုပ်ကတော့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : XXL