Tuesday, June 14, 2016

Gucci Mane ဟာ Game of Thrones ဇာတ်လမ်းတွဲရဲ့  အမာခံ ပရိသတ်ဖြစ်





လူမိုက် Rapper ကြီး Gucci Mane ဟာ မထင်မှတ်ထားတဲ့ ရုပ်ရှင်စီးရီး ရဲ့  အမာခံ ပရိသတ်တစ်ယောက် ဖြစ်နေပါတယ်။

အတ္တလန်တာမြို့သားကြီး Gucci Mane ဟာ သူထောင်နေစဉ်ကာလအတွင်း အများနည်းတူ ကြည့်ရှုခွင့် မရခဲ့တဲ့ အကြီးမားဆုံးပေါ့ပ်ယဉ်ကျေးမှုလို့ ဆိုနိုင်မယ့် “Game of Thrones” ဇာတ်လမ်းတွဲတွေကို သူ့ရဲ့  ကောင်မလေးဖြစ်တဲ့ Keyshia Ka’oir နဲ့အတူ ကြည့်ရှုနေတဲ့ ဗီဒီယိုဖိုင် တွေထွက်ပေါ်လာတာကြောင့် Gucci Mane ကို Game of Thrones ဇာတ်လမ်းတွဲရဲ့  အမာခံ ပရိသတ် အဖြစ် သတ်မှတ်နိုင်တာပဲ ဖြစ်ပါတယ်။

Gucci Mane ဟာ ထောင်ကထွက်လာပြီးကတည်းက သီချင်းတွေ ပြန်လုပ်ဖို့ စိတ်အားထက်သန်နေတာကို တော့ ငြင်းလို့ မရနိုင်ပါဘူး။ သူဟာ Kanye West ၊ Drake တို့နဲ့အတူ သီချင်းတွေ ပြန်လုပ်ခဲ့သလိုပဲ အခုလည်း XXL မဂ္ဂဇင်းကရွေးချယ်ထားတဲ့ Freshman တစ်ယောက်ဖြစ်တဲ့ Rapper အသစ် Kodak Black နဲ့လည်း ပူးပေါင်းပြီး “Vibin in this Bih” ဆိုတဲ့ သီချင်း ကို ဖန်တီးခဲ့ပါသေးတယ်။

ဒါ့အပြင် Gucci Mane ဟာ သူ့ကို အရင်ကတည်း သီချင်းတွေတီးပေးနေခဲ့တဲ့ Producer ဖြစ်သူ Zaytoven နဲ့လည်း စတူဒီယို အတူသွားနေတယ်လို့ သိရတာကြောင့် သူတို့ ၂ ယောက်ဟာ Mixtape (သို့) အယ်လ်ဘမ် တစ်ခုခု ကို လုပ်ဆောင်နေတယ်လို့ ခန့်မှန်းရပါတယ်။

Ref : XXL