Riccardo Tisci နဲ့ Olivier Rousteing တို့လို ကမ္ဘာကျော် ဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး အ၀တ်အစား ပုံစံ အမိုက်စား တွေကို ထုတ်လုပ်ခဲ့အပြီးမှာ Nike ဟာ ၂၀၁၆ ခုနှစ်အတွက် အရည်အသွေးမြင့် ဖိနပ် တွေကိုထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီတစ်ခါပရောဂျက်
မှာတော့ Nike ဟာ ကမ္ဘာကျော်တန်ဖိုးကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Louis Vuitton ရဲ့  စတိုင်လ်
ဒါရိုက်တာ Kim Jones နဲ့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာ ဖြစ်သလို ထို ပရောဂျက်ရဲ့ 
ဖိနပ် ဒီဇိုင်းအသစ်တွေကို ဇူလိုင်လထဲမှာ မြင်တွေ့ရမယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။
အဲဒီလို ပူးပေါင်းထုတ်လုပ်မယ့်
အကြောင်းတွေကို Instagram က တဆင့် Kim Jones က ရေးသား အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
Ref : XXL