Tuesday, June 7, 2016

“Sqvad Up” ဆိုတဲ့ ဗီဒီယို ဂိမ်းကို ထုတ်လုပ်မယ့် Lil Wayne




ပျောက်ချက်သားကောင်းနေတဲ့ Lil Wayne တစ်ယောက် ပရောဂျက် အသစ်တစ်ခုကို စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် Lil Wayne ပရိသတ်တွေအတွက် ၀မ်းနည်းစရာ ဖြစ်နေတာ တစ်ခုက အခုဆောင်ရွက်နေတယ်ဆိုတဲ့ ပရောဂျက်ဟာ သူ့ရဲ့  အယ်ဘမ်အသစ် The Carter V မဟုတ်ပါဘူး။ Lil Wayne ကိုယ်တိုင် တရားဝင် ထုတ်ဖော်ကြေညာခဲ့တာကတော့ သူဟာ “Sqvad Up” လို့ခေါ်တဲ့ ဗီဒီယို ဂိမ်း တစ်မျိုးကို ထုတ်လုပ်မယ်ဆိုတာပါပဲ။



နယူးအော်လိန်း ပြည်နယ်သား Rap အဆိုတော် Lil Wayne ဟာ ဇွန်လ ၆ ရက်နေ့ကပဲ Instagram မှာ Post တစ်ခု ကို ဝေမျှပြီး ဒီ သတင်းကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ သူဝေမျှခဲ့တဲ့ Post ကတော့ Lil Wayne ရဲ့  အသံပါဝင်ထားတဲ့ “Sqvad Up” ဂိမ်းရဲ့  ကြော်ငြာ တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ Lil Wayne က “ကျွန်တော့်ရဲ့ မြို့ဖြစ်တဲ့ Hollygrove က ကြိုဆိုပါတယ်။Sqvad Up မကြာခင်လာပါတော့မယ်” လို့ ပြောထားပါတယ်။

သူထုတ်လုပ်တဲ့ ဗီဒီယိုဂိမ်းကတော့ မိုဘိုင်းလ် ဂိမ်းအမျိုးအစားဖြစ်ပြီး Google Play နဲ့ App Store တို့မှာ ရယူ သုံးစွဲနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ Lil Wayne အနေနဲ့ မိုဘိုင်းလ် ဂိမ်း စီးပွားရေး ဈေးကွက်ထဲဝင်ရောက်လာတာဟာ Cash Money ဓါတ်ပြားတိုက် နဲ့ ပြဿနာတွေတက်ခဲ့ပြီးတဲ့နောက်မှာ အကွက်တစ်ကွက် ရွှေ့လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ Lil Wayne ဟာ Cash Money ဓါတ်ပြားတိုက်ရဲ့ တွဲဖက် တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Birdman နဲ့ မကျေလည်မှု(Beef) တွေ ဖြစ်ခဲ့ကြပြီး  Lil Wayne ဟာ Cash Money ဓါတ်ပြားတိုက်ကို ဒေါ်လာ ၅၁ သန်းတန် လျော်ကြေးရယူလိုမှုနဲ့လည်း တရားစွဲခဲ့ပါသေးတယ်။ အဲဒီနောက်မှာ သူတို့ ၂ဦး၂ဖက်ဟာ Lil Wayne ရဲ့  အယ်လ်ဘမ်အသစ်ဖြစ်တဲ့ The Carter V ကိုလည်း ထုတ်လုပ်ဖို့ သဘောမတူညီမှုတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

Phoenix မှာပြုလုပ်ခဲ့တဲ့ ရှိုးပွဲတုန်းကလည်း Lil Wayne ဟာ “f*ck the Birdman” ၊ “f*uck Cash Money” အစရှိတာတွေကို ပရိသတ်ရှေ့မှာ အော်ဟစ်ခဲ့ဖူးပြီး Cash Money ဓါတ်ပြားတိုက်ဟာ သူ့ကို သီချင်းကောင်း တွေ ထုတ်လုပ်မယ့် အရေး ပိတ်ပင်တားဆီးနေတယ်လို့ Lil Wayne က ထုတ်ဖော်ပြောပြခဲ့ဖူးပါသေးတယ်။
ဒါ့အပြင် Lil Wayne ဟာ ထို ရှိုးပွဲမှာပဲ သူ့အနေနဲ့ အယ်လ်ဘမ် အသစ် ၂ ချပ် ထပ်မံ လုပ်ဆောင်နေတဲ့အကြောင်းကိုလည်း ကြေညာသွားခဲ့ပါသေးတယ်။ သေသေချာချာ မသိလိုက်ရတာကတော့ ထို အယ်လ်ဘမ် ၂ ချပ်ထဲမှာ ကြန့်ကြာနေတဲ့ Tha Carter V ရောပါဝင်နေလားဆိုတာကိုပဲ ဖြစ်ပါတယ်။

Ref : XXL Mag