သီချင်းတွေကို တစ်ပုဒ်ချင်း မကြာမကြာ ထုတ်လုပ်ဖြန့်ချီ လေ့ရှိတဲ့ ကလိဗ်လန်း မြို့သား Machine Gun Kelly ဟာ ဒီတစ်ကြိမ်မှာတော့ တွဲဆိုလေ့မရှိတဲ့ ချီကာဂိုမြို့သား Chief Keef နဲ့ အတူ သီချင်း အသစ် တစ်ပုဒ်ကို ထုတ်လုပ်ဖြန့်ချီလိုက်ပါတယ်။
အဲဒီသီချင်းနာမည်ကတော့ "Young Man" ဖြစ်ပြီး ဒီသီချင်းထဲမှာတော့ MGK ဟာ သူ့အနေနဲ့ Rap Game ထဲမှာ ချာတိတ်တစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းထက် ပိုတဲ့ လေးစားမှု(Respect) တစ်ခုခုတော့ ထိုက်တန်တဲ့အကြောင်းတွေကို ဖွင့်ဆိုထားပါတယ်။ ဒီသီချင်းကို တီးခတ် ထုတ်လုပ်ထားတာကတော့ Slim Gudz ဖြစ်ပါတယ်။
Machine Gun Kelly နဲ့ Chief Keef တို့ရဲ့  သီချင်းအသစ် "Young Man" ကို နားဆင်နိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးထားပါတယ်။
Ref : XXL Mag