Sunday, July 31, 2016

PnB Rock ရဲ့  သီချင်းအသစ် “Fuck The Law” ထွက်ရှိ




PnB Rock ဟာ “Fuck The Law” လို့ အမည်ပေးထားတဲ့ သီချင်း တစ်ပုဒ်ကို ဖြန့်ချီခဲ့ပါတယ်။

ဒီသီချင်းထဲမှာတော့ PnB Rock ဟာ ရဲတပ်ဖွဲ့ဝင်တွေကို မက်ဆေ့ဂ်ျတစ်ခုပေးထားတဲ့ သဘောမျိုး သီဆိုထားတာပါ။ ဒါပေမယ့်လည်း တစ်ကယ်တမ်း ပါဝင်တဲ့ အကြောင်းအရာတွေကတော့ သူ သီဆိုနေကြအတိုင်းပဲ သူ့အနေနဲ့ ဥပဒေ တွေကို မုန်းတီးတဲ့အကြောင်း ၊ ဆေးခြောက်သောက်ပြီး ပြဲနေတဲ့အကြောင်းနဲ့ ပိုက်ဆံတွေရှာဖွေသုံးစွဲရတဲ့အကြောင်းတွေပဲ ဖြစ်နေပါတယ်။

ဒါ့အပြင်သူက ဒီသီချင်းကို လမ်းပေါ်ကလူငယ်တွေစောင့်မျှော်နေတဲ့ သီချင်းတစ်ပုဒ် ဖြစ်တယ်လို့လည်း ခိုင်းနှိုင်းပြောဆိုထားပါသေးတယ်။ ဟုတ်မဟုတ်ဆိုတာကိုတော့ နားထောင်ပြီးသာ ဆုံးဖြတ်လိုက်ပါတယ်။

PnB Rock ရဲ့  သီချင်းအသစ် “Fuck The Law” ကို နားဆင်နိုင်ဖို့အတွက် အောက်မှာ ဖော်ပြပေးထားပါတယ်။



Ref : HipHopDX