Sunday, September 11, 2016

ဝင်ငွေအကောင်းဆုံး Hip Hop သမားများ စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးက ရပ်တည်နေတဲ့ Puff Daddy




Puff Daddy ဟာ ၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းရဲ့  Hip Hop Cash Kings ဆိုတဲ့ ၀င်ငွေအကောင်းဆုံး Hip Hop သမားများ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။

Bad Boy Music ဓါတ်ပြားတိုက် ၊ မီဒီယာ တွေနဲ့ ယမကာ ထုတ်လုပ်ရေး လုပ်ငန်းတွေကို တည်ထောင်ထားတဲ့ Puff Daddy ဟာ ပြီးခဲ့တဲ့ ၁၂လအတွင်း ၀င်ငွေ ဒေါ်လာ ၆၂ သန်းအထိ ရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ Jay-Z ကတော့ ဒေါ်လာ ၅၂ သန်း အထိ ၀င်ငွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၁၅ခုနှစ်ရဲ့ ၀င်ငွေအကောင်းဆုံး စာရင်းမှာလည်း သူတို့ နှစ်ယောက်ဟာ အခုလိုပဲ ၁ နဲ့ ၂ နေရာမှာ ရပ်တည်ခဲ့ကြသူတွေပါ။

ဒီနှစ်အတွက်တော့ Dr.Dre ဟာ မနှစ်က နံပါတ် ၃ နေရာမှာ ရှိနေတဲ့ Drake နဲ့ နေရာချင်းလဲနိုင်ခဲ့ပါတယ်။ Wiz Khalifa ကတော့ နံပါတ် ၅ နေရာကို ၀င်ငွေ ဒေါ်လာ ၂၄ သန်းနဲ့ ရပ်တည်နိုင်ခဲ့ပြီး Kendrick Lamar ကတော့ နံပါတ် ၉ နေရာမှာ ပါဝင်နေပါတယ်။ ဒီနှစ်အတွက် Puff Daddy အနေနဲ့ ၀င်ငွေအကောင်းဆုံး ဖြစ်လာခဲ့တာဟာ သူ့ရဲ့ Ciroc အမှတ်တံဆိပ် ဗော့ဒ်ကာ ထုတ်လုပ်မှုကြောင့် အများဆုံး ဖြစ်ပြီး သူရဲ့  ၀င်ငွေအများစုဟာ ဂီတနဲ့မဆိုင်တဲ့ ၀င်ငွေတွေ လို့ဆိုနိုင်ပါတယ်။

၂၀၁၆ ခုနှစ်အတွက် Forbes မဂ္ဂဇင်းရဲ့ ၀င်ငွေအကောင်းဆုံး Hip Hop သမား ၁၀ ယောက်စာရင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

၁။ Diddy – $62M
၂။ Jay Z – $53M
၃။ Dr. Dre – $41M
၎။ Drake – $38.5M
၅။ Wiz Khalifa – $24M
၆။ Nicki Minaj -$20.5M
၇။ Pitbull – $20M
၈။ Pharrell – $19.5M
၉။ Kendrick Lamar – $18.5M
၁၀။ Birdman – $18M


Ref : XXL