Tuesday, November 17, 2015
မင်္ဂလာဆောင် တစ်ခုကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တဲ့ Kendrick Lamar
Kendrick Lamar ဟာ မင်္ဂလာဆောင် တစ်ခုကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
TMZ သတင်းဌာန ရဲ့ ဖော်ပြထားမှု အရတော့ Compton မြို့သား Rhymer တစ်ယောက်ဖြစ်တဲ့ Lamar ဟာ ပြီးခဲ့တဲ့လက Ohio ပြည်နယ် ၊ Columbus မြို့က ဟိုတယ်တစ်ခုမှာ ရောက်ရှိနေစဉ် သူနဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ ကြင်စဦး ဇနီးမောင်နှံရဲ့ မင်္ဂလာဆောင် အခမ်းအနား ဧည့်ကြိုဌာနကို ရောက်ရှိနေခဲ့ပါတယ်။ ဒါကို Kendrick ရဲ့ သူငယ်ချင်းတစ်ယောက်က ဗီဒီယို ရိုက်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ထို ဗီဒီယိုထဲမှာတော့ Kendrick Lamar ဟာ ဧည့်ကြိုခန်းမအတွင်း လျှောက်သွားနေခဲ့ပြီး မင်္ဂလောင်ရဲ့ စပီကာမှာတော့ Whitney Houston ရဲ့ "I Wanna Dance With Somebody" ဆိုတဲ့ သီချင်းကို ဖွင့်ထားခဲ့ပါတယ်။ မင်္ဂလာဆောင်တက်ရောက်လာသူတစ်ဦးက ပြောပြခဲ့တာကတော့ ဟိုတယ်လုံခြုံရေးတွေက Kendrick Lamar ကို မင်္ဂလာဆောင် လာတာ ဟုတ် ၊ မဟုတ် သိနိုင်ဖို့ "ဒါဘယ်သူ့မင်္ဂလာဆောင်လဲ" လို့ ထပ်ခါထပ်ခါမေးနေခဲ့တယ်လို့ သိရပါတယ်။
Kendrick Lamar ဟာ လက်ရှိ HipHop လှုပ်ရှားမှု အဖြစ် Ty Dolla $ign ရဲ့ LA ဆိုတဲ့ သီချင်းအသစ်ထဲမှာ Brandy ၊ Fauntleroy James တို့နဲ့အတူ ပါဝင် သီဆိုခဲ့ပါတယ်။ ထိုသီချင်းဟာ Ty Dolla $ign ရဲ့ ပွဲဦးထွက် သီချင်းခွေဖြစ်တဲ့ Free TC ထဲမှာ ပါဝင်တဲ့သီချင်းပဲ ဖြစ်ပါတယ်။
Ref : XXL