ဒီနေ့ခေတ် Hip-Hop အသိုင်းအ၀ိုင်းထဲမှာ ဖက်ရှင်အကျဆုံး နဲ့ ဖက်ရှင်ပိုင်းဆိုင်ရာမှာ လွှမ်းမိုးမှုအား အကောင်းဆုံး Rapper ၁ ယောက် ဖြစ်တဲ့ A$AP Rocky ဟာ J.W.Anderson ဆိုတဲ့ အ၀တ်အထည် အမှတ်တံဆိပ် နဲ့ ပူးပေါင်းပြီး အရေအတွက်ကန့်သတ်ထားတဲ့ (Limited Edition) အ၀တ်အထည် အချို့ ကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
အဲဒီ အ၀တ်အစားတွေအားလုံးရဲ
့ ဒီဇိုင်းကိုတော့ နယူးယော့ခ်မြို့ ၊ ဟာလမ်း ရပ်ကွက်ထဲက A$AP Rocky ကိုယ်တိုင် ရေးဆွဲထားတာဖြစ်တယ်လို့လည်းသိရပါတယ်။
အမျိုးသားဝတ် အ၀တ်အထည်တွေကို ဒီဇိုင်းရေးဆွဲသူ John Anderson က Instagram က တဆင့် သူနဲ့
A$AP Rocky တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ လည်ရှည်ဇစ်ဆွဲ Jumper အမျိုးအစား အင်္ကျီ အပါအ၀င်
အခြား အ၀တ်အထည် ဒီဇိုင်းတွေကိုလည်း ပြသခဲ့ပါတယ်။
ထိုအ၀တ်အထည်တွေကိုတော့
j-w-anderson.com ဆိုတဲ့ ၀က်ဘ်ဆိုက်က တဆင့် ၀ယ်ယူနိုင်တယ်လို့သိရပြီး A$AP Rocky x
J.W.Anderson Collection လို့ အမည်ပေးထားတဲ့ ထို အ၀တ်အထည်တွေရဲ့  ဈေးနှုန်းဟာ ၂၇၅ ဒေါ်လာကနေ
ဒေါ်လာ ၁၃၀၀ အထိ အသီးသီးရှိကြတယ်လို့ သိရပါတယ်။
A$AP Rocky x J.W.Anderson Collection အ၀တ်အထည်တွေကို တော့ အောက်မှာ ဖော်ပြထားပါတယ်။
Ref : XXL