အမေရိကန်ပြည်ထောင်စု ရဲ့  ၀ါရင့် R&B အဆိုတော်ကြီး Bobby Brown ဟာ မထင်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရေးရာ အရှုပ်အရှင်းတွေကို ၀န်ခံပြောကြားလာပါတယ်။ Bobby Brown ကိုယ်တိုင် ၀န်ခံခဲ့တာကတော့ သူ့ရဲ့  ဇနီးဟောင်းဖြစ်ခဲ့သူ ကွယ်လွန်သွားပြီဖြစ်တဲ့ Whitney Houstan ဟာ သူတို့ ၂ ယောက်ရဲ့  ၁၄ နှစ်တာ အိမ်ထောင်သက်အတွင်း လူမှုရေးဖောက်ပြန်မှုတွေ ကြိမ်ဖန်များစွာရှိခဲ့တယ်ဆိုတာပါပဲ။
အသက် ၄၇ နှစ်
အရွယ်ရှိနေပြီဖြစ်တဲ့ Bobby Brown ရဲ့  စွပ်စွဲပြောဆိုခဲ့မှုတွေအရ Whitney Houston နဲ့
လူမှုရေးဖောက်ပြန်ခဲ့မှုတွေရှိခဲ့တဲ့ ပရိုဂျူဆာနဲ့ အနုပညာရှင် အမြောက်အများထဲမှာ ဂန္တ၀င်
Rap အဆိုတော်ကြီး Tupac Shakur လည်း ပါဝင်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် Bobby Brown
က သူကိုယ်တိုင်လည်း Madonna ၊ Janet Jackson တို့လို ဂန္တ၀င် အနုပညာရှင် အမျိုးသမီး
တွေနဲ့လည်း လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေ ရှိခဲ့တယ်လို့လည်း ၀န်ခံထားပြန်ပါတယ်။
အဲဒီဝန်ခံမှုတွေကိုတော့
ဇွန်လ ၁၃ ရက်နေ့မှာ ထွက်ရှိလာမယ့် Bobby Brown ကိုယ်တိုင်ရေးသားတဲ့ စာအုပ် “Every
Little Step” ဆိုတဲ့ စာအုပ်ထဲမှာ ပါဝင်လာမယ့် အကြောင်းအရာတွေထဲက Associated Press သတင်းဌာနက
ကောက်နုတ်ဖော်ပြ ထားတာဖြစ်ပါတယ်။
Ref : HipHopDx