အဖွဲ့လိုက် လှုပ်ရှားမှုတွေ နည်းသွားတဲ့ G-Unit အဖွဲ့ရဲ့  တစ်ခါမှာ မထွက်ရှိခဲ့ဖူးတဲ့ သီချင်းအဟောင်း "Set the Pick" ဆိုတဲ့ သီချင်းတစ်ပုဒ်ပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ အဲဒီသီချင်းထဲမှာတော့ Young Buck ၊ Lloyd Banks နဲ့ Kidd Kidd တို့က သီဆိုထားတာကိုတွေ့ရပါတယ်။
ဒီသီချင်းဟာ DJ Whoo Kid စီစဉ်နေတဲ့ "The Lost Flash Drive" ဆိုတဲ့ Mixtape ထဲမှာ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီ Mixtape ကတော့ G-Unit အဖွဲ့ရဲ့  မထွက်ရှိခဲ့ဖူးတဲ့ ၊ ဘယ်သူမှ နားမထောင်ခဲ့ဖူးတဲ့ Unreleased သီချင်း တွေအားလုံးကို စုစည်း ထားတာပဲဖြစ်ပါတယ်။ "The Lost Flash Drive" ဆိုတဲ့ Mixtape ဟာ သြဂုတ်လ ၂၉ ရက်နေ့မှာ ထွက်ဖို့ စီစဉ်ထားပေမယ့် ပြဿနာတစ်ချို့ကြောင့် အသံသွင်းတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်ဆောင်ရွက်နေရတယ်လို့သိရပြီး ဒီရက်ပိုင်းအတွင်း ထွက်ရှိလာမယ်လို့လည်း DJ Whoo Kid က ပြောကြားခဲ့ပါတယ်။
အခုထွက်ရှိလာတဲ့ "Set the Pick" သီချင်းဟာလည်း ၂၀၁၄ ခုနှစ်တုန်းကရိုက်ကူးထားတဲ့ ဗီဒီယိုအပိုင်းအစ တွေနဲ့ ရောစပ်ပြီး သီချင်းဗီဒီယို (MV) အဖြစ် ထွက်ရှိလာတာဖြစ်ပြီး ဒီဗီဒီယိုထဲမှာတော့ Kidd Kidd ၊ Lloyd Banks ၊ Young Buck နဲ့ Tony Yayo တို့က စတူဒီယို အခန်းထဲမှာ ပျော်ပျော်ပါးပါးနေထိုင်နေကြတဲ့ မြင်ကွင်းတွေကို ဖော်ပြပေးထားပါတယ်။ 50 Cent တစ်ယောက်ကတော့ ဒီသီချင်းထဲမှာ သီဆိုထားခြင်းလည်း မရှိသလို ဗီဒီယို ထဲမှာလည်း ပါဝင်ခဲ့ခြင်း မရှိပေမယ့် DJ Whoo Kid စီစဉ်နေတဲ့ "The Lost Flash Drive" ဆိုတဲ့ Mixtape ထဲမှာတော့ ပြန်လည် ပါဝင်လာမယ်လို့ သိရပါတယ်။
G-Unit အဖွဲ့ဝင်တွေဖြစ်တဲ့ Young Buck ၊ Lloyd Banks နဲ့ Kidd Kidd တို့ရဲ့  Unreleased သီချင်းအသစ် "Set the Pick" သီချင်းဗီဒီယို(MV) ကို ကြည့်ရှု နားဆင်နိုင်ဖို့အတွက် အောက်မှာ ဖော်ပြ ပေးထား ပါတယ်။
Ref : XXL