Wednesday, August 31, 2016
သေစေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် Chris Brown အဖမ်းခံထားရ
အဆိုတော် Chris Brown ဟာ လူတစ်ယောက်ကိုသေစေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတယ်လို့ ABC သတင်းဌာန ရဲ့  ဖော်ပြချက်အရသိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ Chris Brown ရဲ့  နေအိမ်ကို သွားရောက်လည်ပတ်ခဲ့တယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့  တိုင်ကြားချက် ဖုန်းခေါ်ဆိုမှုကို လက်ခံ သိရှိပြီးတဲ့နောက်မှာ Chris Brown ရဲ့  နေအိမ်ကို ၀င်ရောက်ရှာဖွေပြီး အခုလိုဖမ်းဆီးခဲ့တာပါ။ TMZ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းထားရာမှာတော့ Baylee Curran လို့ခေါ်တဲ့ တိုင်ကြားသူမိန်းကလေးဟာ သြဂုတ်လ ၃၀ ရက်နေ့က မနက်အစောပိုင်း ၃ နာရီခန့်မှာ Chris Brown ရဲ့  နေအိမ်မှာ ရှိနေခဲ့တာဖြစ်ပြီး သူမဟာ Chris Brown နေအိမ်မှာရှိတဲ့ စိန်တစ်လုံးပါ လည်ဆွဲတစ်ခုကို ကိုင်ယူ ကြည့်ရှုမိသည်ကို Chris Brown က သေနတ်တစ်လက် ထုတ်ပြီး ထိုမိန်းကလေး ကို ချိန်ရွယ်ကာ အိမ်ကနေ ထွက်သွားဖို့ အော်ဟစ်ပြောဆိုခဲ့တာဖြစ်တယ်လို့ Baylee Curran က ထွက်ဆိုထားပါတယ်။
လော့အိန်ဂျလိစ် ရဲ တပ်ဖွဲ့ဝင်တွေဟာလည်း ရှာဖွေခွင့်ဝရမ်းနဲ့ အတူ Chris Brown ရဲ့  နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခဲ့ပြီးတဲ့နောက် သေစေနိုင်တဲ့ လက်နက်တစ်ခုနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ Chris Brown ကို ဖမ်းဆီလိုက်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ Chris Brown ရဲ့  နေအိမ်အတွင်း သေနတ် ရှာဖွေတွေ့ရှိခဲ့တာလားဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း Chris Brown ဟာ သူ့ရဲ့  နေအိမ် ပြတင်းပေါက်ကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်များထည့်ထားတဲ့ အိတ်တစ်အိတ် ကို လွှင့်ပစ်ခဲ့သေးတယ်လို့ TMZ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
Ref : XXL