Tuesday, September 6, 2016

အယ်လ်ဘမ်သစ် တစ်ခုကို စက်တင်ဘာလအတွင်း ထုတ်လုပ်သွားမယ့် Kid Cudi



အမြဲတမ်း ပြဲ(High)နေတဲ့ Kid Cudi တစ်ယောက် ဒီလထဲမှာ အယ်လ်ဘမ် တစ်ချပ်ကို ထုတ်လုပ်သွားမယ်လို့ ထုတ်ဖော်ကြေညာခဲ့သလို အဲဒီ အယ်လ်ဘမ်ဟာ ရုပ်ပိုင်းဆိုင်ရာမှာတော့ နှစ်ချပ်တွဲ ပရောဂျက်တစ်ခုဖြစ်တယ်လို့လည်း Kid Cudi ကဆိုထားပြန်ပါတယ်။


Twitter ကနေ တဆင့် အဲဒီသတင်းကို ကြေညာတဲ့အခါမှာ Kid Cudi အနေနဲ့ထည့်သွင်း အသိပေးလာတာတစ်ခုကတော့ သူဟာ လက်ရှိ ဂီတနယ်ပယ်မှာ ရေပန်းစားနေတဲ့ Streaming ၀န်ဆောင်မှု စစ်ပွဲတွေကြားထဲမှာ ၀င်မရှုပ်ခြင်ဘူး ဆိုတာနဲ့ သူ့အခွေကို Streaming စနစ်ရော ၊ Download စနစ်နဲ့ပါ ရရှိနိုင်ဖို့အတွက် နည်းလမ်းအားလုံးနဲ့ ထုတ်လုပ်သွားမှာဖြစ်တယ် ဆိုတာပါပဲ။

အခွေနဲ့ဝယ်မယ်ဆိုရင် နှစ်ချပ်တွဲ ရရှိမယ့် အကြောင့်အရင်းကတော့ သူ့ရဲ့  ပရောဂျက်မှာ သီချင်း ၁၈ ပုဒ်အထိပါဝင်ပြီး ကြာချိန်ကလည်း မိနစ် ၉၀ ကျော်လွန်နေတာကြောင့်ပဲ ဖြစ်တယ်လို့လည်း Kid Cudi က Twitter မှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။ ဟိုးအရင်တုန်းကလည်း Kid Cudi ဟာ ၂၀၁၆ ခုနှစ်အတွင်း ပရောဂျက် နှစ်ခု ထုတ်လုပ်ဖို့ရှိတယ်လို့ ဆိုခဲ့ဖူးပြီး တစ်ခုကတော့ "Passion, Pain and Demon Slayin" ဖြစ်ပေမယ့် နောက်ထပ် ပရောဂျက်ကတော့ နာမည် ပြောပြခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဒီလထဲမှာ ထွက်ရှိလာမယ့် Kid Cudi ရဲ့  နှစ်ချပ်တွဲ အယ်လ်ဘမ်ကို စောင့်မျှော်နားဆင်ဖို့ပဲ ရှိပါတော့တယ်။

Ref : HipHopDx