Snoop Dogg ဟာ ဇူလိုင်လ ၁ ရက်နေ့ မှာထွက်ရှိမဲ့ သူ့ ရဲ့ အယ်လ်ဘမ် အသစ် “Cool Aid” ရဲ့ မျက်နှာဖုံး ဖန်တီးမှု(Cover Art) ကိုပရိသတ်ရှေ့ချပြလိုက်ပါပြီ။ The Doggfather လို့လည်း အမည်ပြောင် ခေါ်ဝေါ်ခံရတဲ့ Snoop ဟာ ဒီတခေါက်မှာလည်း သူ့ရဲ့ Cover Art ကို တမူ ထူးခြားတဲ့ပုံစံနဲ့ ဆန်းဆန်းပြားပြား ဖန်တီး ထားပြန်ပါတယ်။
သူ့ရဲ့
Cover Art ပုံမှာတော့ Long Beach မြို့ရဲ့ အထင်ကရ Rapper တစ်ယောက် ဖြစ်တဲ့ Snoop ဟာ
အရောင်စုံ ဆန်းပြားတဲ့ ဖျော်ရည်တွေကို အရောင်စုံဆန်းပြားတဲ့ ဖောက်သည်တွေဆီကို ပြန်လည်ရောင်းချ
နေတဲ့ပုံပဲဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့မှာထွက်ရှိမဲ့ အဲဒီ အယ်လ်ဘမ် ရဲ့ တစိတ်တဒေသ အဖြစ် ပရိသတ်ကို ပြောပြဖို့အတွက်လည်း
Snoop ဟာ Jimmy Kimmel Live! အစီအစဉ်မှာ ပါဝင်ခဲ့ပါသေးတယ်။
အယ်လ်ဘမ်နာမည် Cool Aid ကို “K” နဲ့ မပေါင်းပဲ “C” နဲ့ ပေါင်းထားတာနဲ့ ပတ်သတ်ပြီးတော့လည်း Snoop က “ကျနော်ကတော့ အေးဆေး(Cool) ပါပဲ ၊ ခင်ဗျားတို့သိတဲ့အတိုင်း ကျနော်က သာသာယာယာ ပဲနေပါတယ်” လို့ပြောခဲ့ပြန်ပါတယ်။

( Thar Yann )
Ref : HipHopDx