Friday, July 15, 2016
Calvin Klein ကြော်ငြာ အတွက် မိန်းကလေးဝတ် အ၀တ်အစားတွေကို ၀တ်ဆင် ခဲ့တဲ့ Young Thug
Young Thug ဟာ ယောကျာင်္း ၊ မိန်းမ အစရှိတဲ့ လိင်သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို Calvin Klein အမှတ်တံဆိပ်ရဲ့  နောက်ဆုံးထုတ် ကြော်ငြာ ဓါတ်ပုံထဲမှာ ချိုးဖျက် လိုက်ပါတယ်။
Young Thug ဟာ Calvin Klein အမှတ်တံဆိပ် ရဲ့  ၂၀၁၆ ခုနှစ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ၀တ် ဖက်ရှင်များ ကြော်ငြာ အတွက် မိန်းကလေးဝတ် အ၀တ်အစားတွေကို ၀တ်ဆင် ခဲ့တာ ကြောင့်ပဲ ဖြစ်ပါတယ်။အဲဒီ ကြော်ငြာ ဓါတ်ပုံနဲ့ ပတ်သက်ပြီး Young Thug ကိုယ်တိုင်က "I disobey in #mycalvins" ဆိုတဲ့ စာသားကို ရေးသားပြီး သူ့အနေနဲ့ အခုလို မိန်းကလေး ၀တ်တွေ ၀တ်ဆင်ရတဲ့ ခံယူချက်ကို ပြောပြထားပြန်ပါတယ်။
အသက် ၂၄ နှစ်အရွယ် Rap အဆိုတော် Young Thug က ၀တ်ဆင်တဲ့ အ၀တ်အစားဟာ ကိုယ့်ရဲ့  လိင်သတ်မှတ်ချက်ကို မထင်ဟပ်စေနိုင်ဘူးလို့လည်း ရှင်းပြခဲ့ပြန်ပါတယ်။
"ခင်ဗျား ဟာ ဂါဝန်တစ်ထည်ဝတ်ထားပေမယ့် ဂိုဏ်းစတား တစ်ယောက်ဖြစ်နိုင်သလို သင်ဟာ ဘက်ဂီဘောင်းဘီနဲ့လည်း ဂိုဏ်းစတားတစ်ယောက်ဖြစ်နိုင်ပါတယ်။" လို့ Young Thug က ဆိုပါတယ်။
ဒါပေမယ့်လည်း Young Thug ရဲ့  ကြော်ငြာ ဓါတ်ပုံအတွက် Twitter သုံးစွဲသူတွေက ဝေဖန်ပြောကြားခဲ့ကြပါတယ်။ တစ်ချို့ကတော့ Young Thug ကို CK အမျိုးသမီးဝတ်ရဲ့  မော်ဒယ်လ် ဖြစ်သွားတဲ့အတွက် ဂုဏ်ယူတယ်ဆိုတဲ့ စာသားတွေကိုလည်း ရေးသား လှောင်ပြောင်ခဲ့ကြပါတယ်။ သူ့လိုပဲ ကမ္ဘာကျော် မင်းသား နဲ့ အဆိုတော် Will Smith ရဲ့  သားဖြစ်သူ Jaden Smith ဟာလည်း မိန်းကလေး ၀တ် အ၀တ်အစားတွေကို ၀တ်ဆင်တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။
( ZweThetPaing )
Ref : The Boombox