Wednesday, June 8, 2016
Top of the Line ဆိုတဲ့ တစ်ကိုယ်တော်ခွေ ထွက်ရှိထားတဲ့ Rap အဆိုတော် Rittz နဲ့ စကားစမြည်
Hip Hop လောကထဲကို Yelawolf နဲ့တွဲဖက်သီဆိုပြီး ပေါ်ထွက်လာခဲ့တဲ့ Rap အဆိုတော် Rittz ဟာ "Top of the Line" လို့ခေါ်တဲ့ တစ်ကိုယ်တော် အခွေအသစ်တစ်ခွေ ကို မကြာသေးမီကပဲ ထုတ်လုပ်ထားပါတယ်။ သူဟာ Tech N9ne နဲ့ အခြား စီးပွားရေး လုပ်ငန်း ရှင်တစ်ဦး တွဲဖက်တည်ထောင်ထားတဲ့ Strange Music ဂီတကုမ္မဏီနဲ့ စာချုပ်ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Rittz ရဲ့  အခွေအသစ် "Top of the Line" ရဲ့  ထူးခြားချက်တစ်ခုက ဧည့်သည် အဆိုတော် စာရင်းထဲမှာ Yelawolf တစ်ယောက် မပါလာတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း Devin The Dude ၊ E-40 နဲ့ MJG စတဲ့အဆိုတော်တွေကတော့ Rittz ရဲ့  အခွေအသစ်ထဲမှာ ဧည့်သည်အဆိုတော်အဖြစ်နဲ့ပါဝင်ထားပါတယ်။
Strange Music ကုမ္မဏီနဲ့ HipHopDx သတင်းဌာနနဲ့ နယ်လှည့်ဖျော်ဖြေပွဲတစ်ခုမှာ တွေ့ဆုံရင်း Strange Music ခေါင်းစဉ် အောက်မှာ လှုပ်ရှားနေတဲ့ Rittz ကို သူ့ရဲ့  အခွေသစ် အကြောင်းနဲ့ အခြား အကြောင်းအရာ အချို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
HipHopDx : မင်းတို့အားလုံးကြည့်ရတာ အမိုက်စား ည တစ်ည ကို ပိုင်ဆိုင်ခဲ့ပုံပဲ။ အစစအရာရာ အဆင်ပြေခဲ့ရဲ့ လား?
Rittz : ကောင်းပါတယ်။ ညက မိုးချုပ်ထိ ဖျော်ဖြေနေရတော့ နည်းနည်း အိပ်ဖို့လိုအပ်နေတယ်။ ဒါပေမယ့် ငါတို့ အဆင်ပြေနေပါသေးတယ်။ နယ်လှည့်ဖျော်ဖြေပွဲတွေ သွား ရတဲ့ဘ၀က ဒီလိုပါပဲ။
HipHopDx : နယ်လှည့်ဖျော်ဖြေပွဲတွေမှာ အရာရာ အဆင်ပြေအောင်နေရတာ ဘာနဲ့တူလဲ? Strange ကုမ္မဏီကလည်း အရမ်းပင်ပန်းစေတဲ့ အချိန်ဇယားတွေနဲ့ အလုပ်လုပ်တယ်လို့ နာမည်ကြီးထားတာကြောင့် မေးကြည့်တာပါ။
Rittz : ဟုတ်တယ်။ သူတို့ အချိန်ဇယားတွေက အရမ်းပင်ပန်းတယ်။ ကျွန်တော် နယ်လှည့်ဖျော်ဖြေပွဲတွေမှာ လိုက်ပါလာတဲ့ အခြားသူတွေဆီကနေ လုပ်ပုံလုပ်နည်းတွေသင်ယူရတယ်။ ကျွန်တော်လုပ်သမျှက မှားနေသေးတာကို။ နယ်လှည့်ဖျော်ဖြေပွဲစတာနဲ့ ခင်ဗျား ခရီးတွေ အများကြီးသွားရတယ်။ မတူညီတဲ့ မြို့တွေမှာ မိတ်ဆွေ အသစ်တွေနဲ့ ရင်းနှီးခွင့်ရတယ်။ ဒါပေမယ့် ခင်ဗျား ရင်းနှီးစရာ မလိုပါဘူး။ သူတို့ကို ဖျော်ဖြေပေးရုံပဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ ၊ ဘတ်စ်ကား ရွေ့နေရင်ကျွန်တော် မအိပ်တတ်ဘူး။ တစ်ခါတစ်လေကျရင် ဘတ်စ်ကားက မရပ်မနားသွားနေရတယ်။ ကျွန်တော်တို့က မနက် ၆ နာရီ သို့မဟုတ် ၈ နာရီခွဲလောက်မှာ အိပ်ဖြစ်တယ်။ ၁၁ နာရီလောက်ပြန်နိုးလာရတယ်။ အဲဒါပြီးတော့ အချိန်ခဏလေးအတွင်းမှာပဲ ပရိသတ်တွေ ရာပေါင်းများစွာနဲ့ တန်းတွေ့ရတယ်။ အဲဒါ ကျွန်တော့်ရဲ့  အချိန်ဇယားပဲ။ အဲဒါတွေပြီးသွားရင်တော့ ဟိုတယ်မှာ တစ်ညတာ နားခွင့်ရတယ်။ ကျွန်တော် ရထားတဲ့ ပိုက်ဆံတွေကို ဟိုတယ်မှာနားတဲ့အချိန် သုံးစွဲရတယ်။ ၂ နာရီလောက်လေးရလည်း ရရင်ရသလို အခြား ရော့ခ် ရှိုးတွေ ၊ ဘာရှိုး ၊ ညာရှိုးတွေ လိုက်ကြည့်တယ်။
HipHopDx : ခင်ဗျားရဲ့  White Jesus ထွက်ပြီးတာ ၅ နှစ်လောက်ကြာသွားပြီဆိုတော့ အဲဒီ Mixtape ကို ပြန်သုံးသပ်ရအောင်။ အဲဒီ Mixtape က ခင်ဗျားရဲ့  ရပ်တည်မှုအပေါ်ဘာတွေ သက်ရောက်ခဲ့လဲ?အဲဒီအချိန်ကာလတုန်းက သင်ရလိုက်တဲ့ တစ်ခုခုများ ရှိခဲ့သလား?
Rittz : တော်တော်များများက အဲဒီအခွေကို နှစ်သက်ကြတုန်းပဲ။။ တစ်ခါတစ်လေကြတော့ ခင်ဗျားရဲ့  ပထမဆုံး ပရောဂျက်တစ်ခုကို လူတွေ နှစ်သက်ခဲ့ကြတယ်ဆိုတာ တော်တော် အိုဟောင်းသွားခဲ့ပါပြီ။ အဲဒီ Mixtape က ကျွန်တော့်အတွက် အများကြီး တန်ဖိုးရှိခဲ့ပါတယ်။ ၅ နှစ်လို့တောင်မထင်ရပါဘူး။ ခဏလေးလိပါပဲ။ ကံမကောင်းခဲ့တာ တစ်ခုကတော့ ကျွန်တော် တစ်ကယ်လိုချင်တဲ့ ပုံစံမျိုး နစ်မျောခွင့်မရခဲ့တာပါ။ တစ်န့မှာတော့ အခွင့်အရေးရလာဦးမှာပါ ပေါ့။ ကျွန်တော် အလုပ်ထွက်လိုက်တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကို မှတ်မိနေပါသေးတယ်။ ကျွန်တော် အလုပ်ထွက်လိုက်ရလို့ နေ့တိုင်းခံစားနေရခြင်းလည်း မရှိခဲ့ပါဘူး။ ကျွန်တော် ဟာ အလုပ်ထွက်လိုက်ရတာကို ကျေနပ်နေခဲ့သလိုပါပဲ။ တနင်္ဂနွေနေ့ တစ်နေ့မှာတော့ ကျွန်တော်ဟာ သာမန်လူတစ်ယောက်လိုပဲ McDonald မှာ မုန့်စားနေခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်လည်း တနင်္ဂနွေနေ့တိုင်း McDonald မှာ စားခွင့်ရပါစေလို့ ဆုတောင်းလိုက်တယ်။အဲဒီနောက်မှာတော့ ကျွန်တော် အလုပ်တွေ ၂ ဆ ပိုများလာပြီး တနင်္ဂနွေနေ့ပါ မအားလပ်တော့ပါဘူး။ နယ်လှည့်ဖျော်ဖြေပွဲတွေ တစ်နှစ်ထက် တစ်နှစ် တိုးလာပါတယ်။ ပိုက်ဆံ ပိုရှာနိုင်လာတယ်။ ကျွန်တော်ဟာ နေထိုင်မှု ဘ၀တစ်ခုအတွက် Rap တွေဆိုတယ်။ ခင်ဗျားအခုလို အရာအားလုံး နစ်မျော ထားချင်မိတဲ့ အခိုက်အတန့်တွေ ရလာဖို့ခဲယဉ်းပါတယ်။ ကျွန်တော်ဟာ တစ်ဖြည်းဖြည်း ချင်း ကြီးမားသထက် ကြီးမားလာအောင် ကြိုးစားနေတာသာဖြစ်ပါတယ်။
HipHopDx : Top of the Line ရဲ့  အစီအစဉ်ကရော ဘယ်လို ဖြစ်လာခဲ့တာလဲ?
Rittz : Next To Nothing အခွေမှာတုန်းက ကျွန်တော်ဟာ ကျွန်တော် ရပ်တည်နေတဲ့ ဂီတနယ်ပယ်ထဲက နေရာတစ်ခုနဲ့ ပတ်သက်ပြီး မလုံမခြုံဖြစ်နေခဲ့တယ်။ ငွေကြေးလည်း အဆင်မပြေသလို ဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေ ၊ မိသားစုတွေ ၊ ခင်ဗျားအနားမှာ ရှိတဲ့သူတွေနဲ့ ခင်ဗျားကိုယ်တိုင်က 'ခင်ဗျားသာ ဓါတ်ပြားတိုက်တစ်ခုနဲ့ စာချုပ်ချုပ်နိုင်ခဲ့ရင် ချမ်းသာပြီ' ဒါမှမဟုတ် 'ဘ၀ ကြီးပြောင်းလဲသွားပြီ' စတဲ့ အတွေးမျိုးတွေနဲ့ ခင်ဗျားခေါင်းထဲမှာ မျိုးစေ့ချသွားလိမ့်မယ်။ ကျွန်တော်လည်း တော်တော် တုန်လှုပ်ခဲ့ရတယ်။ ဒါပေမယ့် အခုတော့ အဲဒါတွေမရှိတော့ဘူး။ ကျွန်တော့် စိတ်ဓါတ်ဟာ ပိုပြီး အကောင်းမြင်တတ်လာတယ်။ Top of the Line နဲ့အတူ ကျွန်တော် ပရောဂျက်တစ်ခုလုပ်ချင်ခဲ့တယ်။ ပြီးတော့ Next to Nothing နဲ့လည်း မတူစေချင်ဘူး။ လူတိုင်းမှာ သူတို့ ကိုယ်ပိုင်အမြင်တွေရှိကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကောင်းမယ်လို့ထင်တဲ့ အမြင်ကို ရွေးချယ်တယ်။ ကျွန်တော် ဒီအခွေကို ခေတ်ဟောင်းအထာနဲ့ ဂန္တ၀င်ဆန်ဆန် ဖြစ်ချင်ခဲ့တယ်။ ကျွန်တော် ဖန်တီးကြည့်တယ်။ အခု အလုပ်ဖြစ်တယ်။
HipHopDx : Top of the Line အခွေထဲက နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "Just Say No" ဆိုတဲ့သီချင်းထဲမှာ ခင်ဗျား မူးယစ်ဆေးစွဲလန်းမှုကို တိုက်ဖျက်ခဲ့ရတဲ့အကြောင်းတွေကိုဆိုထားတာတွေ့တယ်။ ခင်ဗျားဘယ်လောက်ထိ ခက်ခက်ခဲခဲ တိုက်ဖျက်ခဲ့ရပါသလဲ?
Rittz : ကျွန်တော် အဲဒီကိစ္စကို အချိန်တိုင်း ကြိုးစားနေရပါတယ်။ ခက်တာက ကျွန်တော် အိမ်ပြန်သွားလို့ အဲဒီလို ဆေးစွဲလာပါတယ်ဆိုလည်း ဘာမှ ထူးသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် က အရက်သမား တစ်ယောက်ဗျ။ ကျွန်တော် အရက်သောက်၇တာ ကြိုက်တယ်။ ကျွန်တော် အရက်သောက်ရင် စိတ်မရှုပ်အောင် ဆေးလုံးတွေပါ ရောသောက်တယ်။ အဲဒါပြီးရင်တော့ ကျွန်တော် နှာခေါင်းယားလာတယ်။ ငယ်ငယ်ကတည်းက ကျွန်တော်တို့အားလုံးဟာ ဆေးခြောက်နဲ့ မကင်းခဲ့ကြဘူး။ ခင်ဗျားဟာ ဒီလောကထဲမှာ အသက်ဘယ်လောက်ကြီးသွားပြီလို့ ပြောပြော ဆေးခြောက်တော့ လူတိုင်းနီးပါး သောက်ကြတယ်။ ဆေးခြောက်သောက်ပြီးတဲ့နောက် အခြား မူးယစ်ဆေးဝါးတွေလည်း ဟိုစပ်စပ် ဒီစပ်စပ် လုပ်ကြည့်ချင်လာတယ်။ တစ်ချို့အတွက်ကျတော့ ဒါကို ကျော်လွှားနိုင်ပေမယ့် တစ်ချို့ကျတော့ ငြိတွယ်သွားကြတယ်။ ပြီးတော့ ခင်ဗျားဆေးစွဲမယ်။ ခင်ဗျားဆေးစွဲတဲ့အသက်အရွယ်က ၂၅ နှစ် ၊ ၂၆ နှစ်လောက်ဖြစ်နေရင် အကြောင်းမဟုတ်ဘူး။ ခင်ဗျား အသက် ၃၀ ပြည့်ပြီးမှ ဆေးစွဲသွားရင်တော့ ပြဿနာ က ကြီးလာလိမ့်မယ်။ ခင်ဗျား အလုပ်တွေ ပျက်လာမယ်။ ကျွန်တော်ဆိုရင် Slumerican Made နယ်လှည့်ဖျော်ဖြေပွဲမှာတုန်းက ဘတ်စ် ပေါ်မှာ ရောက်နေတဲ့အချိန်မှာ ပြဿနာ စဖြစ်ခဲ့တာပဲ။ ပြန်တောင်မပြောချင်လောက်အောင် အာရုံနောက်ခဲ့ရတယ်။ ကျွန်တော် အမေ့ဆီဖုန်းဆက်ပြီး ကျွန်တော့် နှာခေါင်းဘာတွေ ဖြစ်နေလဲ မသိဘူးဆိုပြီး ပြောခဲ့တယ်။ ကျွန်တော် ညသန်းခေါင်ကြီး ဆေးရုံကို သွားခဲ့ရတယ်။ မျက်နှာကြီးပေါက်ကွဲပါတော့မယ်ဆိုပြီးတော့။ အဲဒီသင်ခန်းစာက ဆေးစွဲတဲ့ ပြဿနာကို လျော့ကျသွားစေခဲ့တယ်။ ကျွန်တော် အဲဒီလို သောက်ပြဿနာမျိုးတွေ ကျွန်တော့ဘ၀ မှာ ထပ်မဖြစ်ချင်တော့ဘူး။ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး သန်မာလာအောင် နေထိုင်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော် အဆင်မပြေခဲ့ဘူး။ နယ်လှည့်ဖျော်ဖြေပွဲကအပြန်မှာ ကျွန်တော်အိမ်ပြန်လာပြီး 'အဲဒီ သောက်ပြဿနာတွေကို
မလုပ်တော့ဘူး ၊ နောက်တစ်ကြိမ်ဆို ပြောင်းလဲတော့မယ်' လို့ ပြောခဲ့ပေမယ့် ကျွန်တော် မပြောင်းလဲနိုင်ခဲ့ဘူး။ ကျွန်တော် အလားတူ သောက်ပြဿနာတွေပဲ ထပ်လုပ်ဖြစ်တယ်။ အဲဒါဟာ ဖြစ်ရပ်အမှန်ပါ။ အဲဒါဟာ "Just Say No" သီချင်းရဲ့  အကြောင်းအရာပဲ။ အဲဒီသီချင်းဟာ ကျွန်တော့်အနေနဲ့ လူတွေကို မူးယစ်ဆေးဝါးကို စတင် မစမ်းသပ်ကြဖို့ ပြောချင်တာပါ။ မစတင်ခဲ့ရင် ခင်ဗျား ဟာ အလားအလာ ရှိနေသေးတယ်ဆိုတဲ့ အကြောင်းမျိုးပါ။
HipHopDx : ခင်ဗျားက "Inside of the Groove" ဆိုတဲ့ သီချင်းမှာ အစဉ်အလာကောင်းတဲ့ Flow တစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ E-40 နဲ့တောင် တွဲဖက်သီဆိုခဲ့သေးတယ်နော်?
Rittz : E-40 ဆိုတာ Travis က စလို့ Tech အထိ Strange က လူတိုင်းနဲ့ ခင်မင်နေတဲ့ ဘော်ဒါတစ်ယောက်ပါ။ ကျွန်တော် E-40 နဲ့ Strange က လူတွေကတဆင့် သိကျွမ်းခဲ့တာပါ။ E-40 နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရေဒီယိုတွေပေါ်မှာ အချိန်ကြာရှိစွာနဲ့ ပုံမှန်ပါဝင်နေတဲ့ အခြား Rapper တွေကို ခင်ဗျားသိလားလို့ အရင်မေးရမလိုပါပဲ။ သူ့အကြောင်းတွေနောက်ကြောင်းပြန်ရင် Lil Jon နဲ့ Sean Paul နဲ့ သီချင်းတွဲလုပ်တဲ့အချိန်အထိ ပြန်သွားလို့ရပါတယ်။ သူ့မှာ သူ့ရဲ့  ကိုယ်ပိုင် ဘီယာ ၊ ၀ိုင် နဲ့ အခြား အရာတွေ အများကြီးရှိတယ်။ အဲဒါတွေကို ကျွန်တော် မသုံးရဘူး။ အဲဒါတွေက ကျွန်တော့် အတွက် သာမန် မဟုတ်လို့။ E-40 ကို ကျွန်တော့် သီချင်းထဲမှာ ၀င်ဆိုခိုင်းရတာလည်း သာမန်မဟုတ်ပါဘူး။ ဘယ်တော့ မှ သာမန် ကိစ္စဖြစ်မလာနိုင်ဘူး။ E-40 ၊ Devin The Dude ၊ MJG နဲ့ Suga Free တို့လို အဆိုတော်မျိုးတွေ နဲ့ အလုပ်တွဲလုပ်ရတာ ဘယ်တော့မှ သာမန်ကိစ္စဖြစ်လာမှာ မဟုတ်ဘူး။ သာမန်လိုမျိုး ဖြစ်လာရင်လည်း ကျွန်တော်ကိုယ့်ကိုကိုယ် ဆန်းစစ်ပြီး ဘ၀ကို တစ်ဆင့် တက်လို့ရလောက်ပါပြီ။ ဒီလို သမိုင်းအစဉ်အလာကောင်းခဲ့သူတွေနဲ့ သီချင်းတွဲလုပ်ဖို့ဆိုတာ ကလေးဘ၀ကတည်းက မက်ခဲ့တဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။
HipHopDx : ခင်ဗျားအနေနဲ့ ရှေ့ဆက်အလုပ်တွဲလုပ်ဖို့ စဉ်းစားထားတဲ့ သမိုင်းအစဉ်အလာကောင်းခဲ့သူ Rapper တွေရှိသေးလား?
Rittz : ကျွန်တော် Big Boi နဲ့ သီချင်းတွဲလုပ်ဖို့ ကြိုးစားနေပါတယ်။ Andre 3000 ကိုပါ ခေါ်မှာပါ။ ပြီးတော့ Snoop Dogg နဲ့ တွဲဆိုရမှာကိုလည်း သဘောကျပါတယ်။ ပြီးတော့ Scarface။ပြီးတော့ Bun B။ ကျွန်တော့်ကို လွှမ်းမိုးနိုင်တဲ့သူတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော် Fabulous ကိုလည်း တော်တော် ကြိုက်တယ်။ သူနဲ့လည်း သီချင်းတွဲ လုပ်ချင်တယ်။ စာရင်းလုပ်ရမယ်ဆိုရင် ရူးသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့က အိုဟောင်းသွားတဲ့သူတွေမဟုတ်ပါဘူး။ သူတို့က OG တွေပါ။
HipHopDx : Top of the Line အခွေက Yelawolf ရဲ့  ပါဝင်ပတ်သက်မှု မရှိတဲ့ ပထမဆုံး ပရောဂျက် လို့ ပြောလို့ရမလား?
Rittz : တစ်ကယ်က မဟုတ်ပါဘူး။ ကျွန်တော် Yelawolf ကို ကျွန်တော့်ဖုန်းနဲ့ အကြမ်းသွင်းထားတဲ့ သီချင်း ၃ ပုဒ် ပေးခဲ့ပါတယ်။ တစ်ပုဒ်ရဲ့ နာမည်နဲ့ ဘယ်သီချင်းဆိုတာလည်း ပြောပြလိုက်ပါတယ်။ သူက ကျွန်တော့်ကို MJG နဲ့ Devin တို့ ၀င်ဆိုထားတဲ့ Verse တစ်ပိုဒိကို ပြန်ပေးပါတယ်။ အဲဒီ သီချင်းမှာ သူ ဆိုဖို့ အဆင်မပြေဘူးလို့ ပြောပါတယ်။ "Pull Up" သီချင်းမှာလည်း ကျွန်တော်သူ့ကို ၀င်ဆိုဖို့ ပြောပါတယ်။ ဒါပေမယ့် သူက "Propane" သီချင်းတုန်းကလောက် အားမရဘူးပြောပါတယ်။ ကျွန်တော် သူ့ကို အီးမေးလ်နဲ့ ပို့လိုက်မိတာကတော့ ကျွန်တော့်အမှားပါ။ ဒါပေမယ့် သူ အမိုက်စား Verse တစ်ပိုဒ်ရေးလာခဲ့ပါတယ်။ ပြဿနာ က အဲဒီအချိန်မှာ ကျွန်တော်ကလည်း MJG ကို ဧည့်သည်အဆိုတော်အဖြစ် ၀င်ဆိုပေးဖို့ စရံ ငွေချေပြီးသွားပါပြီ။ ကျွန်တော် အဲဒီတော့ MJG ကို လျှော်ပြီး Cancel လုပ်လိုက်ရမှာလား။ ကျွန်တော် အခက်တွေ့ခဲ့တယ်။ စာချုပ်ကလည်း ချုပ်ပြီးသား ဖြစ်နေပြီ။ အဲဒါနဲ့ သူ့ကို ဖုန်းဆက်ပြီး အဲဒီသီချင်းကို သူနဲ့ မလုပ်ဖြစ်တဲ့အကြောင်း ပြောလိုက်ရတယ်။ ပထမအယ်လ်ဘမ် မှာတုန်းက သူ ကျွန်တော့်ကို အမိုက်စား Verse တစ်ပိုဒ်နဲ့ ကူညီပေးခဲ့တယ်။ ဒုတိယ အခွေ Next to Nothing မှာလည်း သူ့ရဲ့  အမိုက်စား Rap တွေ အားဖြည့်ပေးခဲ့တယ်။ ဒီအခွေထဲက "Pull Up" ဆိုတဲ့ သီချင်းမှာလည်း သူ့ကို အစ ကတည်းက ပါဝင်စေချင်ခဲ့တယ်။ ဒါပေမယ့် သူပဲ ဒီ ပြဿနာကြီးကို ဖန်တီးလိုက်တာပဲလေ။
HipHopDx : ဒါဆို Slumerican ကရော ဘာတွေ ထူးခြားသွားမလဲ?
Rittz : အရိုးသားဆုံးပဲ ပြောချင်ပါတယ်။ Slumerican ဆိုတာ ကျွန်တော် အမြဲတမ်း ကိုယ်စားပြုသွားမယ့် အရာပါ။ ဒါပေမယ့် ဒါက Yelawolf ရဲ့  စီးပွားရေး ၊ သူ့ရဲ့  လုပ်ငန်းပါ။ အဲဒါကြီးက မိုက်လာမှာပါ။ ဒါပေမယ့် သူ့ရဲ့  တရားဝင် ဓါတ်ပြားတိုက်လေဗျာ။ ကျွန်တော် သူ့ကို အကောင်းဆုံး ဆုတောင်းပေးမယ်။ သူ့ကို အမြဲတမ်း ချီးကျူး ဂုဏ်ပြုမယ်။ ပြီးရင် ကျွန်တော် ကိုယ်စားပြုပေးမယ်။ သူကတော့ ခြားနားတဲ့အဆင့် တစ်ခုကို လှမ်းနိုင်ခဲ့ပြီး သူ့ ဓါတ်ပြားတိုက်ရဲ့  CEO တစ်ယောက် တရား၀၀င်ဖြစ်လာမယ်။ ဒါပဲလေ။ ကျွန်တော့်မှာ
ကျွန်တော့် ညီအစ်ကို တွေဖြစ်တဲ့ Strange နဲ့ Clintel ကိုလည်း လှည့်ကြည့်ရဦးမယ်။ ကျွန်တော် လုပ်နေတဲ့ အ၀တ်အစား တံဆိပ် တစ်ခုလည်း ရှိတယ်။ ကျွန်တော့် ကိုယ်ပိုင်အလုပ်တွေ ကို ကျွန်တော် လုပ်ဖို့ ကြိုးစားနေပါတယ်။ Slumerican အတွက်ကတော့ ၊ ကျွန်တော် အမြဲတမ်း ကိုယ်စားပြုနေမှာပါ။
Ref : HipHopDx