Wednesday, July 20, 2016

Afrika Bambaataa နဲ့ ပြဿနာ ရှိရင် Hip Hop ကို စွန့်လွှတ်လိုက်သင့်တယ်လို့ KRS-One ပြော



Hip Hop ယဉ်ကျေးမှု ရဲ့  သမိုင်းကြောင်းနဲ့ ပတ်သက်လာရင်တော့ KRS-One ဟာ ကျောင်းဆရာ တစ်ယောက်လို ကျွမ်းကျင်တယ်ဆိုတာကိုတော့ အားလုံးသိပြီးသားပါ။


အခုလည်း KRS-One ဟာ Hip Hop ဖခင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ Afrika Bambaataa အပေါ် သူ့ရဲ့  ထောက်ခံအားပေးမှုတွေကို နှစ်ဆ တိုးမြှင့်လိုက်ပါပြီ။အင်္ဂလန်နိုင်ငံ ၊ ဘာမင်ဂမ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာ KRS-One က "Afrika Bambaataa နဲ့ ပတ်သက်ပြီး ပြဿနာ ရှိတဲ့သူတွေဟာ Hip Hop ကို စွန့်လွှတ်လိုက်သင့်တယ်" လို့ ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

"Afrika Bambaataa အကြောင်းပြောတော့မယ်ဆိုရင် ၊ သင်ဟာ Hip Hop ကို စတင်ဖန်တီးခဲ့သူတစ်ယောက်အကြောင်းကို ပြောနေတယ်ဆိုတာ အရင်ဆုံး သိထားပါ။ Afrika Bambaataa မတိုင်ခင်တုန်းက Hip Hop မရှိခဲ့ပါဘူး။ အဲဒါကြောင့် Afrika Bambaataa နဲ့ ပတ်သက်ပြီး ပြဿနာ ရှိတယ်ဆိုတဲ့သူတိုင်းဟာ Hip Hip ကို စွန့်လွှတ်လိုက်သင့်ပါတယ်" လို့ KRS-One က ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Hip Hop သမားတွေ အပြစ်ရှိတယ်လို့ စွပ်စွဲခံနေရခြင်းအပေါ်မှာလည်း KRS-One က Hip Hop သမား အချို့ဟာ ဘာအပြစ်မှ မရှိဘူးဆိုတာကို သဘောပေါက်ထားသင့်ကြောင်းနဲ့ Hip Hop ကို စတင် ဦးဆောင်ခဲ့သူတွေဟာ အပြစ်တင်ရှုံ့ချခြင်း ခံရမယ်ဆိုရင်တော့ ဒီယဉ်ကျေးမှုတစ်ခုလုံး သေဆုံးသွားခဲ့မယ်ဆိုတာတွေကိုလည်း ငြင်းခုန် ပြောကြားခဲ့ပါသေးတယ်။

Ref : XXL