Monday, July 18, 2016

အင်တာနက်မှာ အိုဘားမားသမီးရဲ့ ဓါတ်ပုံတင်ခဲ့တဲ့ Joey Bada$$ ကို အစိုးရ က ခြေရာခံ စောင့်ကြည့်နေ



ပြီးခဲ့တဲ့ နှစ်တုန်းက Joey Bada$$ ဟာ အမေရိကန် သမ္မတ အိုဘားမား ရဲ့  အကြီးဆုံး သမီး Malia ရဲ့  ဓါတ်ပုံတစ်ပုံကို Instagram မှာ တင်ထားခဲ့ပါတယ်။ Mali ဟာ Joey Bada$$ တွဲဖက်တည်ထောင် ထားတဲ့ Pro Era အမှတ်တံဆိပ် တီရှပ် တစ်ထည်ကို ၀တ်ဆင်ထားတာကြောင့် Joey က အဲဒီ ဓါတ်ပုံကို တင်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် အစိုးရ ရဲ့  လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ကတော့ သူ့ရဲ့  လုပ်ရပ်လေးတစ်ခုကြောင့် အမေရိကန် သမ္မတနဲ့ မိသားစုဝင်တွေရဲ့  လုံခြုံရေးအတွက် အထူးပြင်ဆင်နေကြပါပြီ။ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့ဝင် တွေဟာ Rap အဆိုတော် Joey Bada$$ ရဲ့  ဖုန်းခေါ်ဆိုမှုတွေတိုင်းကို ခြေရာခံ စောင့်ကြည့် နေကြတယ်လို့ သိရပါတယ်။  

အဲဒီလို စောင့်ကြည့်နေတယ်ဆိုတာကိုလည်း Joey ကိုယ်တိုင်ပဲ ဖုန်းပြောနေရင်း ထောက်လှမ်းခံနေရတဲ့ ကလစ်ခ် သံတွေကို ကြားလိုက်ရတာကြောင့်ပဲ သိရှိခဲ့တာဖြစ်ပြီး နယူးယော့ခ်ပို့စ် သတင်းဌာနက မေးမြန်းခဲ့စဉ်မှာလည်း Joey က “ကျွန်တော့်တစ်အိမ်လုံးကို အရိပ်ရစေတဲ့ သစ်ပင်ကြီး တစ်ပင် ကျွန်တော့်အိမ်ရှေ့မှာ ရှိပါတယ်။ ဒါပေမယ့် Malia ဓါတ်ပုံ တင်ပြီးတဲ့နောက်မှာ အဲ့သစ်ပင်ကြီး ကို ခုတ်ပစ်လိုက်ကြပါတယ်။ အဲဒါ ကျွန်တော့်ကို စောင့်ကြည့်ဖို့ အစိုးရ က စီစဉ်လိုက်တယ်လို့ သံသယ ရှိစေခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Joey ဟာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး “Pro Era ကို ကူညီပေးတဲ့ Malia ကို ကျေးဇူးတင်ပါတယ်။ ဒီဓါတ်ပုံတင်တာဟာ ဘာထိခိုက်မှုမှ မရှိစေချင်ပါဘူး။ အိမ်ဖြူတော်ကိုလည်း အေးဆေးပါပဲ လို့ ပြောချင်ပါတယ်” ဆိုတဲ့ စာသားတွေနဲ့အတူ Malia ရဲ့  ဓါတ်ပုံကို ထပ်မံ Post လုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အဲဒီ Post ကို ပြန်ဖျက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Joey တင်ထားခဲ့တဲ့ Malia Obama ရဲ့  ဓါတ်ပုံ



Ref : XXL