အားလုံးစောင့်မျှော်နေကြတဲ့ Tech N9ne ရဲ့  အယ်ဘမ်သစ် "The Storm" ဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ ထွက်မယ်လို့ ကြေညာထားပေမယ့် Tech N9ne က သူ့ရဲ့  အယ်လ်ဘမ်သစ်ဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာမှ ထွက်ရှိနိုင်လိမ့်မယ် လို့ ပြောင်းလဲ ကြေညာခဲ့ပါတယ်။
ဒါပေမယ့်လည်း Tech N9ne ဟာ သူ့ရဲ့  ပရိတ်သတ်တွေအတွက် လက်ဆောင်အနေနဲ့ အဲဒီအယ်လ်ဘမ် သစ်ထဲမှာပါဝင်မယ့် သီချင်းအသစ် ၃ ပုဒ်ကို ထုတ်လုပ်ဖြန့်ချီပေးခဲ့ပါတယ်။ အဲဒီ သီချင်း ၃ ပုဒ်ဟာလည်း "The Storm" ဆိုတဲ့ LP အယ်လ်ဘမ် မှာ ပါဝင်မယ့် အဓိက ကဏ္ဍ ၃ ခုကို ကိုယ်စားပြုတယ်လို့လည်း Tech N9ne က ဆိုပါတယ်။ အဲဒီ ကဏ္ဍ တစ်ခုချင်းဆီဟာလည်း Tech N9ne ရဲ့  ပုဂ္ဂိုလ်ရေးဆိုင်ရာ မတူညီမှု အသီးသီးကို မီးမောင်းထိုးပြထားတယ်လို့လည်း သိရပါတယ်။
Tech N9ne ရဲ့  သီချင်း အသစ် ၃ ပုဒ်ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
ပထမဆုံး သီချင်းကတော့ "Erbody But Me" လို့အမည်ရပြီး Bizzy နဲ့ Krizz Kaliko တို့က Featuring တွေအဖြစ် ပါဝင်ထားပါတယ်။ ဒီသီချင်းကတော့ Tech N9ne ရဲ့  မူးယစ်ဆေးသုံးစွဲမှု ကို မီးမောင်းထိုးပြထားတဲ့ Kingdom ဆိုတဲ့ ကဏ္ဍ ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။
နောက်တစ်ပုဒ်ကတော့ "I Get It Now" ဆိုတဲ့ သီချင်း ဖြစ်ပြီး အဲဒီသီချင်းကတော့ စိတ်ရဲ့  အမှောင်ဘက်အခြမ်းကို မီးမောင်းထိုးပြတဲ့ Clown Town ဆိုတဲ့ ကဏ္ဍ ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။
နောက်ဆုံး တစ်ပုဒ်ကတော့ "What If It Was Me" လို့အမည်ရပြီး Krizz Kaliko ကပဲ ထပ်မံပါဝင်ထားပါတယ်။ ဒီသီချင်းကတော့ Tech N9ne ရဲ့  Gangster ပုံစံနေထိုင်မှုကို မီးမောင်းထိုးပြထားတဲ့ G Zone ကဏ္ဍ ကို ကိုယ်စားပြုထားပါတယ်။
Ref : XXL