Monday, September 19, 2016
ရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်နေရတဲ့ Travis Scott
Travis Scott ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာပဲ ရေဓါတ်ခမ်းခြောက်တဲ့ရောဂါ အခြေအနေ ကြောင့် ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရတယ်လို့ သူ့ရဲ့မန်နေဂျာ David Stromberg က အတည်ပြုပြောကြား ခဲ့ပါတယ်။
Stromberg ဟာ Travis Scott ကို ဆေးရုံက ခုတင်တစ်ခုပေါ်မှာ အိပ်လျက်တွေ့မြင်ရတဲ့ ဓါတ်ပုံတစ်ပုံ နဲ့အတူ "တနင်္ဂနွေ" ဆိုတဲ့စာသားကိုလည်း Instagram မှာ ရေးသားဖော်ပြ ထားပါသေးတယ်။ ကွန်မန့်ရေးသားတဲ့ ကဏ္ဍမှာတော့ သူက Travis Scott ရဲ့  ပရိသတ်တွေကို ဟူစတန်မြို့သား Rap အဆိုတော် Travis Scott တစ်ယောက် အဆင်ပြေကြောင်းနဲ့ သူဆေးရုံတက်ရတဲ့အကြောင်းအရင်းကတော့ ရေဓါတ်ခမ်းခြောက်မှုကြောင့်ပဲ ဖြစ်တယ် ဆိုတာတွေကို ရှင်းလင်းရေးသားထားပါတယ်။
Travis Scott ဟာ ဒီလအစောပိုင်းကပဲ သူ့ရဲ့  "Trap Sing McKnight" ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်လုပ်ထားပြီး အဲဒီအယ်လ်ဘမ်ကတော့ Billboard ရဲ့  Top 200 ဇယားမှာလည်း နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။
Ref : HipHopDx