Tupac Shakur ကိုယ်တိုင် လက်ရေးနဲ့ သီချင်းရေးသား ထားတဲ့ စာရွက် အစိတ်အပိုင်း အချို့ကို ဒေါ်လာ ၃၈၅၀၀ နဲ့ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ TMZ သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီ စာရွက်တွေဟာ Tupac သေဆုံးပြီး ၂၀၀၂ ခုနှစ်မှာမှ ထွက်ရှိခဲ့တဲ့ "Better Dayz" ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းဟောင်း တစ်ပုဒ်ဖြစ်တဲ့ "Catchin' Feelings" သီချင်းအတွက် Tupac ကိုယ်တိုင်လက်ရေးနဲ့ သီချင်းစာသားတွေရေးသားထားတဲ့ စာရွက်တွေပဲ ဖြစ်ပါတယ်။ အဲဒီစာရွက်တွေကို ရောင်းချမှာကတော့ Moments in Time ဆိုတဲ့ ကုမ္မဏီပဲ ဖြစ်ပါတယ်။
MiT ကုမ္မဏီရဲ့  သူဌေးဖြစ်သူ Gary Zimet ဟာ အဲဒီစာရွက်တွေကို ၁၉၉၆ ခုနှစ် တုန်းက Tupac ကိုယ်တိုင်အသံသွင်းခဲ့တဲ့ စတူဒီယိုက အလုပ်သမားဟောင်း တစ်ယောက် ထံကနေ ရရှိခဲ့တယ်လို့လည်း TMZ သတင်းဌာနက ဖော်ပြထားပါတယ်။
လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့ဟာ Tupac Shakur သေဆုံးမှု နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်နေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် Zimet ဟာ Tupac ရဲ့  လက်ရေးမူနဲ့ သီချင်းစာသားတွေကို အုဒီနေ့မှာ ရောင်းချဖို့ ပြင်ဆင်နေတာပါ။
Tupac ရဲ့  သီချင်းဟောင်းဖြစ်တဲ့ "Catchin' Feelings" သီချင်းကို နားဆင်နိုင်ဖို့အတွက်တော့ အောက်မှာ ဖော်ပြပေးထားပါတယ်။
Ref : XXL