Thursday, November 19, 2015
၂၀၁၇ ခုနှစ်မှာ How High ဇာတ်လမ်း ရဲ့ နောက်ဆက်တွဲ ထွက်ရှိမည်
အခြားသော ကြီးမားတဲ့ နောက်ဆက်တွဲ တစ်ခုဟာ မဝေးတော့တဲ့ အနာဂါတ်မှာ ရုပ်ရှင်ရုံတွေထဲရောက်လာတော့မှာပါ။
ယုံကြည်ဖို့ ခက်ခဲတဲ့ အရာကတော့ လွန်ခဲ့တဲ့ ၁၄ နှစ်က ထွက်ရှိခဲ့တဲ့ How High ရုပ်ရှင် ဗီဒီယို ဟာ တစ်ကြော့ပြန်လာတော့မယ်ဆိုတာပါပဲ။
How High ဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရက်ပ် အဆိုတော် Redman က သူနဲ့ Method Man တို့ဟာ ၂၀၀၁ ခုနှစ်က ရုပ်ရှင်အတွက် နောက်ဆက်တွဲ ကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
"How High 2 ဟာ ၂၀၁၇ ခုနှစ်အထိ ထွက်လာမှာ မဟုတ်ပါဘူး။ စာရေးဆရာတွေဟာလည်း ဇာတ်ညွှန်းကိုရေးသားနေတုန်းပါ။ ဒါဟာ အချိန်ယူရဦးမှာဖြစ်ပြီး ယုတ္တိရှိလာဖို့အတွက် ငါတို့ရိုက်ကူးတဲ့အချိန် ၊ တည်းဖြတ်ခြင်း နဲ့ အရောင် မှန်ကန်အောင်အသုံးပြုခြင်းတို့က ၁ နှစ်တော့ အနည်းဆုံးအချိန်ယူရမှာပါ။ ဒါကြောင့် ၂၀၁၇ ကတော့ သေချာနိုင်ပါတယ်" လို့ Redman က XXL သတင်းဌာနကို ပြောပြခဲ့ပါတယ်။
Ref : Hot97