Thursday, November 19, 2015
MaRihanna အမည်ရှိ ဆေးခြောက်နဲ့ အစားအသောက် လုပ်ငန်း တည်ထောင်လိုက်တဲ့ Rihanna
ပုဂ္ဂလိက အမှတ်တံဆိပ်တွေရဲ့ လှပတဲ့ သဘောတူညီမှုတွေနဲ့ ဘ၀ အတွေးအခေါ်တွေကြားမှာ Rihanna ဟာ သူမရဲ့ ကိုယ်ပိုင် ဆေးခြောက် နဲ့ ဆက်စပ်အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းကို စတင် သယ်ဆောင်လာပြန်ပါပြီ။
အဲဒီ လုပ်ငန်းရဲ့ အမည်ကတော့ “MaRihanna” လို့ခေါ်ပြီး အဲဒီနာမည်ကတော့ ကမ္ဘာမှာ အကောင်းဆုံး နာမည်ဖြစ်နေပြီး ၂၀၁၆ ခုနှစ်မှာ ကော်လိုရာဒို ပြည်နယ်အတွင်း စတင်ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Radio.com သတင်းဌာနရဲ့ ဖော်ပြချက်အရ တော့ Rihanna မှာ Karribean Kush ၊ Haitian Haze နဲ့ Jamaica High Grade ဆိုတဲ့ ဆေးခြောက် အမျိုးအစား တွေနဲ့ အတူ ဆေးခြောက်နဲ့ ပြုလုပ်ထားပြီး နာမည်များစွာပေးထားတဲ့ အစားအသောက်ပေါင်းမြောက်များစွာကိုလည်း ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရီဟားနားအနေနဲ့ ဆေးခြောက်ထုတ်လုပ် ရောင်းချတာဟာ သူမရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်နေပေမယ့် ပရိတ်သတ်တွေ နားမလည်နိုင်ခဲ့တာက ရီဟားနား အနေနဲ့ ဘယ်လို အစားအသောက်တွေ ရောင်းချမလဲ ဆိုတာပါ။ သူမအနေနဲ့ ဘာဂါနဲ့ အာလူးကြော်တွေ ရောင်ချနိုင်သလို ၊ ဂျုံမှုန့်နဲ့ ပြုလုပ်တဲ့ မုန့်တွေ လည်း ဖြစ်နိုင်ပါတယ်။ ဘီစကွတ်တွေနဲ့ ချိစ် တွေလည်းဖြစ်နိုင်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာ MaRihanna အတွက် ဘယ်လို မော်တော်ယာဉ်မျိုးနဲ့ သူမ လှည့်လည် ရောင်းချမှာလည်း ဆိုတာပါ။
Ref : The Frisky