တစ်ချို့လူတွေဟာ Rapper တွေအနေနဲ့
သီချင်းတွေထဲမှာ အကြမ်းဖက် လုပ်ရပ်တွေအကြောင်း ထည့်သွင်းရေးသား သီဆိုနေတာကို
သဘောမကျကြသလို Rapper တွေကို လက်တွေ့ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်
ရေးသား သီဆိုတာကိုပဲ ဖြစ်စေချင်ကြပါတယ်။
အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေအကြောင်း သီချင်းထဲ
ထည့်သွင်းသီဆိုလေ့ရှိတဲ့ Rap အဆိုတော် စာရင်းထဲကနေ Meek Mill တစ်ယောက် နှုတ်ထွက်လိုက်ပါပြီ။ Maybach Music
Group ကိုယ်စားပြု Rap အဆိုတော် Meek Mill ဟာ သူ့ရဲ့  “Dreamchasers 4” ဆိုတဲ့
Mixtape အခွေထွက်ပြီးတဲ့နောက် အကြမ်းဖက်လုပ်ရပ်တွေအကြောင်း သီချင်းထဲမှာ
ထည့်ဆိုခြင်းကို လုံးဝ ရပ်နားလိုက်ပြီလို့ Instagram က တဆင့် ကြေညာခဲ့ပါတယ်။
အဲဒီ ကြေညာမှုနဲ့အတူ Meek Mill က ‘အမေရိကန်
ပြည်ထောင်စုမှာ ရှိတဲ့ လူမည်းတွေဟာ လက်တွေ့ဘ၀မှာ စနစ် နဲ့ တိုက်ပွဲ ဖြစ်နေတယ’်
လို့လည်း ရေးသားခဲ့ပါသေးတယ်။ အဲဒီရေးသားမှုအတွက်လည်း Meek Mill က
သဒ္ဒါဖွဲ့စည်းပုံ(Grammar) တွေကို သေချာစစ်ဆေးထားပြီး သူဟာ အဲဒီ ရေးသားမှုမှာ
အမေရိကန်အင်္ဂလိပ် (American English) စာပေ အရေးအသားကို အသုံးမပြုထားဘူးလို့လည်း ဆိုထားပါသေးတယ်။
( ZweThetPaing )
Ref : All HipHop