ဘရာဇီးလ်
နိုင်ငံ ၊ ရီယို ဒီဂျနဲရိုး မြို့မှာ ကျင်းပမယ့် ၂၀၁၆ အိုလံပစ် ပြိုင်ပွဲကြီး စတင်ဖို့
နီးကပ်လာတာနဲ့အမျှ အားကစားသမားတွေဟာလည်း အပြင်းအထန် လေ့ကျင့်နေကြပါပြီ။
အဲဒီအတွက်
Gillette ကုမ္မဏီက Neymar Jr. ၊ Ning Zetao ၊ Ashton Eaton ၊ Andy Tennant အစရှိတဲ့
အားကစားသမားတွေကို စုစည်းပြီး 'အကောင်းဆုံးလုပ်နိုင်တာ တင့်တယ်ပေမယ့် စတေးခဲ့ရတာတွေ
၊ နာကျင်ခဲ့ရတာတွေ အများကြီးရှိတယ်' ဆိုတဲ့ မက်ဆေ့ဂ်ျကို ဖော်ပြနိုင်မယ့် ဗီဒီယို
တစ်ခုကို ဖန်တီး ဖြန့်ဝေခဲ့ပါတယ်။
အဲဒီ မက်ဆေ့ဂ်ျကို
ပေါ်လွင်အောင် “Unstoppable” လို့ အမည်ပေးထားတဲ့ သီချင်းတစ်ပုဒ်နဲ့ ဗီဒီယို ကို ပေါင်းစပ်ခဲ့ပြီး
သီချင်းကို ရေးသား သီဆိုခဲ့တာ ကတော့ အဆိုတော်မလေး Sia နဲ့ Rap အဆိုတော် Pusha T တို့ပဲ
ဖြစ်ပါတယ်။ အဲဒီသီချင်းကို တီးခတ်ထုတ်လုပ်ပေးထားတာကတော့ Ariel Rechtshaid ဖြစ်ပြီး
Percussion တီးခတ်ပေးထားတာကတော့ Banda Olodum ဖြစ်တယ်လို့ သိရပါတယ်။
Pusha T နဲ့
Sia တို့ရဲ့  သီချင်းအသစ် “Unstoppable” ရဲ့  ဗီဒီယို တင်ဆက်မှုကို ကြည့်ရှုနားဆင် နိုင်ဖို့အတွက်
အောက်မှာ ဖော်ပြပေးထားပါတယ်။
Ref :
HipHopDX