အမေရိကန်အခြေစိုက် ငွေကြေး
ကုမ္မဏီ တစ်ခုဖြစ်တဲ့ American Express(AMEX) ဟာ Rap အဆိုတော် Lil Wayne ကို ဘေလ်
မဆောင်တဲ့အတွက် တရားစွဲဆိုခဲ့ပါတယ်။
Lil Wayne ဟာ American
Express ကုမ္မဏီရဲ့  အကြွေးနဲ့ဈေးဝယ်ခွင့်ကတ်(Credit Card) ၀န်ဆောင်မှုကို
သုံးစွဲခဲ့ပြီး ကျသင့်ငွေတွေကို ပေးဆောင်ခြင်းမရှိခဲ့တာကြောင့် ကုမ္မဏီ ဘက်က ဒေါ်လာ
ရှစ်သောင်း ကျော် ရယူလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဘေလ် ဆောင်ဖို့
ပျက်ကွက်ခဲ့တာလည်း ၆ လခန့်ရှိနေပြီဖြစ်တယ်လို့ TMZ သတင်းဌာနက ဖော်ပြထားပါတယ်။
အသက် ၃၃ နှစ်အရွယ်
ရှိပြီဖြစ်တဲ့ Rap အဆိုတော် Lil Wayne ၊ အမည်ရင်း Dwayne Carter Jr. ဟာ American
Express ကုမ္မဏီကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်အကြွေးတင်နေခဲ့တာဖြစ်ပြီး
လျော်ကြေးအနေနဲ့ ပေးဆောင်ရမယ့် ငွေပမာဏ အတိအကျကတော့ ဒေါ်လာ ၈၆,၃၉၆ ပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း Lil
Wayne ကို ပုဂ္ဂလိကလေယာဉ်(Private Jet) ငှားရမ်းခ တွေ ပေးဆောင်ခြင်း မရှိတဲ့အတွက် Signature
Group ဆိုတဲ့ ကုမ္မဏီက ဒေါ်လာ ၂ သန်း လျော်ကြေးရယူလိုမှုနဲ့ တရားစွဲခဲ့ပါသေးတယ်။
( ZweThetPaing )
Ref : All HipHop