Wednesday, September 14, 2016

Cash Money ကို နှုတ်ဆက်ထားတဲ့ Lil Wayne ရဲ့  သီချင်းအသစ် "Grateful" ထွက်ရှိ



ဓါတ်ပြားတိုက် နဲ့ သဘောတူညီမှု ပျောက်ဆုံးနေတဲ့ Lil Wayne ဟာ Tidal ဂီတ၀န်ဆောင်မှု လုပ်ငန်းက တဆင့် "Grateful" လို့ အမည်ရတဲ့ သီချင်း အသစ်တစ်ပုဒ်ကို ဖြန့်ချီခဲ့ပါတယ်။ ဒီသီချင်းမှာတော့ Gudda Gudda က Featuring အဖြစ် ပါဝင်ပေးထားပြီး StreetRunner နဲ့ Rugah Rah တို့က တီးခတ် ထုတ်လုပ်ပေးထားပါတယ်။


ဒီသီချင်းထဲမှာတော့ Lil Wayne က သူနဲ့ အဆင်မပြေတော့တဲ့ ဓါတ်ပြားတိုက်ဟောင်း Cash Money နဲ့ ဓါတ်ပြားတိုက်ပိုင်ရှင် Birdman တို့ကို နာမည်နဲ့ တကွ ထုတ်ဖော် သီဆိုပြီး အဆင်မပြောမှုတွေကို ဖွင့်ဟ ပြောပြထားပါတယ်။ ဒီသီချင်းနဲ့အတူ "သင်ခန်းစာအသစ်" ဆိုတဲ့ မက်ဆေ့ဂ်ျတစ်ခုကိုလည်း Lil Wayne က Twitter မှာ ရေးသားထားပါသေးတယ်။

Lil Wayne နဲ့ Gudda Gudda တို့ရဲ့  သီချင်းအသစ် "Grateful" ကိုနားဆင်နိုင်ဖို့အတွက်တော့ အောက်မှာ ဖော်ပြပေးထားပါတယ်။



Ref : XXL